မင်းတပ်မြို့အနီးတဝိုက် ဒီနေ့ အကြမ်းဖက် စစ်ကောင်စီတပ်လှုပ်ရှားမှုများ

မင်းတပ်မြို့အနီး မကွေးတိုင်း ကျောက်ထုမြို့လေယာဉ်ကွင်းသို့ ဒီနေ့ ဇူလိုင် ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်တပ်သုံး အရပ်ဖက်လေယာဉ်တစ်စီးဆင်းသက်သွားပါတယ်။

မင်းတပ်မြို့ထဲက စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၂ စီး တိုက်ပွဲတွေဖြစ်ရာ အရှေ့ဘက်သို့ ဦးတည်ဆင်းသွားကြပါတယ်။

ပခုက္ကုမြို့ကနေ တပ်မ ၁၀၁ စစ်ကား ၁၆ စီးနဲ့ အိမ်စီးကားတွေ ညနေ ၄နာရီကျော်တွင် ကျောက်ထုလေယာဉ်ကွင်းထဲသို့ဝင်သွား ကြပါတယ်။

မတူပီ ကနေ မင်းတပ်ဘက်ကို ဆင်းလာတဲ့ အကြမ်းဖက် စကစ တပ်မ ၃၀၄ အဖွဲ့ အင်အား ၅၇ ဦးဟာ ဒီည မိုင် ၇၀ လေရှိ ရွာ ကျောင်းအိမ်မှာ ည အိပ်ရပ်နားကြမယ်လို့သိရတယ်။

ဒီနေ့မင်းတပ်မြို့အရှေ့ဘက် မကွေးတိုင်းထီးလင်းမြို့အနီးတွင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတယ်လို့သိရတယ်။ နှစ်ဖက် သေဆုံး ထိခိုက်ဒဏ်ရာရတဲ့စာရင်းတော့ မသိရသေးပါ။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်