မင်းတပ်မြို့အနီးတဝိုက် ဒီနေ့ အကြမ်းဖက် စစ်ကောင်စီတပ်လှုပ်ရှားမှုများ

မင်းတပ်မြို့အနီး မကွေးတိုင်း ကျောက်ထုမြို့လေယာဉ်ကွင်းသို့ ဒီနေ့ ဇူလိုင် ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်တပ်သုံး အရပ်ဖက်လေယာဉ်တစ်စီးဆင်းသက်သွားပါတယ်။

မင်းတပ်မြို့ထဲက စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၂ စီး တိုက်ပွဲတွေဖြစ်ရာ အရှေ့ဘက်သို့ ဦးတည်ဆင်းသွားကြပါတယ်။

ပခုက္ကုမြို့ကနေ တပ်မ ၁၀၁ စစ်ကား ၁၆ စီးနဲ့ အိမ်စီးကားတွေ ညနေ ၄နာရီကျော်တွင် ကျောက်ထုလေယာဉ်ကွင်းထဲသို့ဝင်သွား ကြပါတယ်။

မတူပီ ကနေ မင်းတပ်ဘက်ကို ဆင်းလာတဲ့ အကြမ်းဖက် စကစ တပ်မ ၃၀၄ အဖွဲ့ အင်အား ၅၇ ဦးဟာ ဒီည မိုင် ၇၀ လေရှိ ရွာ ကျောင်းအိမ်မှာ ည အိပ်ရပ်နားကြမယ်လို့သိရတယ်။

Zalen ad

ဒီနေ့မင်းတပ်မြို့အရှေ့ဘက် မကွေးတိုင်းထီးလင်းမြို့အနီးတွင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတယ်လို့သိရတယ်။ နှစ်ဖက် သေဆုံး ထိခိုက်ဒဏ်ရာရတဲ့စာရင်းတော့ မသိရသေးပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်

မတ် ၂၅၊ ၂၀၂၆ Zalen ယောဒေသအတွင်းမှာ စစ်ကောင်စီရဲ့  လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယောကာကွယ်ရေးတပ်(YDF) ရဲ့ တပ်စခန်းတွေနဲ့ အရပ်သားတွေ ...

ဆက်ဖတ်ရန်