မင်းတပ်မြို့ မီးသတ်တပ်ဖွဲ့တွေ ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်

မင်းတပ်မြို့နယ် အား/ကာ ဦးစီးဌာနနဲ့ မင်းတပ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ တို့မှ ပူးပေါင်းကာ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းကို ဒီမနက်ပြုလုပ်ကြပါတယ်။

မင်းတပ်မြို့နယ် အား/ကာမှူး ဦးတမ်မန်းကတော့ တစ်ပတ်တစ်ကြိမ် လေ့ကျင့်ခန်းပြုလုပ်မှာဖြစ်ကြောင်း၊ စိတ်ဝင်စားတဲ့ဌာနတွေနဲ့ ဆက်လက်ပူးပေါင်းပြီးလေ့ကျင့်မယ်လို့ဆိုပါတယ်။

Photo: Tam Mang

ဒီမနက် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် မီးသတ်တပ်ဖွဲ့မှ လူ ၃၀ ကျော်ပါဝင်ပါတယ်။

မန္တလေးမြို့က ရဲတပ်ဖွဲ့တွေလည်း အဆီကျအောင်ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်လျက်ရှိကြောင်း ပြည်မမီဒီယာတွေရဲ့ ဓာတ်ပုံသတင်းတွေမှာဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်