မင်းတပ်မြို့ မြို့မဈေးဘေးက ပျံကျဈေးမီးလောင်မှုဖြစ်ပွား

မင်းတပ်မြို့ မြို့မဈေးဘေးနားက ပျံကျဈေးတန်းတွင် ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ခုံတန်းမှာ ဒီမနက် (၄)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဒေါ်မေသူလတ် က “မီးလောင်တာက ပျံကျဈေးက ခုံတစ်ခုံရဲ့ကြမ်းခင်းပါ။ အဲ့နေရာမှာ စိတ်မနှံတဲ့အမျိုးသမီးတစ်ယောက် ညအိပ်တတ်တယ်။ သူက မီးခြစ်လည်းပါတတ်တယ်။ ဒါပေမယ့် တိတိကျကျသိရအောင် CCTV ပြန်ကြည့်မှပြောလို့ရမယ်” လို့ပြောပါတယ်။

Photo: Hkl Mindat

မနက်ပိုင်း ဈေးခင်းနေတဲ့သူတွေက မီးစလောင်တဲ့ချိန်မှာ သိလို့ ရပ်ကွက်နေပြည်သူနဲ့ မီးသတ်တွေက အမြန်မီးငြိမ်းနိုင်တာဖြစ်တယ်။

အခုမီးလောင်သွားတဲ့ပျံကျဈေးဟာ မီးသတ်ရုံနဲ့ အ.ထ.က (၁)ကျောင်းနဲ့လည်းနီးပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်