မင်္ဂလာဆောင်ပွဲသို့သွားတဲ့ ချင်းလူငယ် ၂ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ်၊ မြို့သစ်မြို့အနီး လမ်းဘေး တနေရာတွင် ချင်းလူငယ် ၂ ဦးရဲ့ အလောင်းကို ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

သေဆုံးတွေဟာ ကျွန်းပင်သာရွာ (Teiyang khua) သား အသက် ၂၀ နဲ့ ၂၅ ကြားအရွယ် ကိုဆွန်မင်ထန်နဲ့ ကိုထန်ဂိုဂင် တို့ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ၎င်းတို့ နှစ်ဦးဟာ မနေ့ ဧပြီ ၂၃ ရက်က သုံးကျော်ရွာမှာ ဘောလုံးသွားကစားရာညနေပိုင်းတွင် ဖိုင်လင်းရွာက သူငယ်ချင်းမင်္ဂလာဆောင်ပွဲသို့သွားရာ ဖိုင်လင်းရွာမရောက်ခင် သနန်ရွာနဲ့ မြို့သစ်ကြားမှာ အသတ်ခံရတာဖြစ်ပါတယ်။

Zalen ad

အလောင်းကို ကားလမ်းနဲ့ ကိုက် ၅၀ လောက်အကွာမှာတွေ့ရပြီး အလောင်းဘေးတွင် ပစ္စတိုကျည်ခွံ ၅ ခုလောက်တွေ့ရှိကြပါတယ်။ အလောင်းပေါ်မှာတော့ ဦးခေါင်း၊ ကျော၊ နံရိုးတို့တွင် ရိုက်နှက်ထားတဲ့ ညိုမဲဒဏ်ရာတွေ့ရှိကြပါတယ်။

အလောင်းကို လူနာတင်ကားနဲ့ ယနေ့ ညနေပိုင်းတွင် ရွာသို့သယ်ဆောင်သွားကြတယ်လို့သိရတယ်။ ၎င်းတို့သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ ခုထိမသိရသေးပါ။

Zawgyi

မဂၤလာေဆာင္ပြဲသို႔သြားတဲ့ ခ်င္းလူငယ္ ၂ဦးသတ္ျဖတ္ခံရ

စစ္ကိုင္းတုိင္းအထက္ပိုင္း တမူးၿမိဳ႕နယ္၊ ၿမိဳ႕သစ္ၿမိဳ႕အနီး လမ္းေဘး တေနရာတြင္ ခ်င္းလူငယ္ ၂ ဦးရဲ႕ အေလာင္းကို ဒီကေန႔ ဧၿပီလ ၂၄ ရက္ေန႔ မနက္ပိုင္းကေတြ႕ရွိတယ္လို႔သတင္းရရွိပါတယ္။

ေသဆုံးေတြဟာ ကြၽန္းပင္သာ႐ြာ (Teiyang khua) သား အသက္ ၂၀ နဲ႔ ၂၅ ၾကားအရြယ္ ကိုဆြန္မင္ထန္နဲ႔ ကိုထန္ဂိုဂင္ တို႔ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ၄င္းတုိ႔ ႏွစ္ဦးဟာ မေန႔ ဧၿပီ ၂၃ ရက္က သံုးေက်ာ္ရြာမွာ ေဘာလံုးသြားကစားရာညေနပိုင္းတြင္ ဖုိင္လင္းရြာက သူငယ္ခ်င္းမဂၤလာေဆာင္ပြဲသို႔သြားရာ ဖုိင္လင္းရြာမေရာက္ခင္ သနန္ရြာနဲ႔ ၿမိဳ႕သစ္ၾကားမွာ အသတ္ခံရတာျဖစ္ပါတယ္။

အေလာင္းကို ကားလမ္းနဲ႔ ကိုက္ ၅၀ ေလာက္အကြာမွာေတြ႔ရၿပီး အေလာင္းေဘးတြင္ ပစၥတိုက်ည္ခြံ ၅ ခုေလာက္ေတြ႔ရွိၾကပါတယ္။ အေလာင္းေပၚမွာေတာ့ ဦးေခါင္း၊ ေက်ာ၊ နံရိုးတို႔တြင္ ရိုက္ႏွက္ထားတဲ့ ညိဳမဲဒဏ္ရာေတြ႔ရွိၾကပါတယ္။

အေလာင္းကို လူနာတင္ကားနဲ႔ ယေန႔ ညေနပိုင္းတြင္ ရြာသို႔သယ္ေဆာင္သြားၾကတယ္လုိ႔သိရတယ္။ ၄င္းတို႔ေသဆံုးမႈနဲ႔ပတ္သက္ၿပီး ဘယ္သူ႔လက္ခ်က္လဲဆိုတာ ခုထိမသိရေသးပါ။

 

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်