မတူပီနဲ့ မင်းတပ်မြို့တွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ

ချင်းပြည်နယ်၊ မတူပီမြို့နဲ့ မင်းတပ်မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ပိုင်းက စတင်ပြီးယခုအချိန်ထိ ဖုန်းလိုင်းများ ဖြတ်တောက်ခံရပါတယ်။

မတူပီမြို့ဟာ ယခင်ကလည်း စစ်ကောင်စီက ပြည်သူလူထုကို အကြောင်းမကြားပဲ ဖုန်းလိုင်းများကို မကြာခဏ ဖြတ်တောက်ခဲ့သော မြို့တစ်မြို့ဖြစ်ပါတယ်။

“မတူပီမှာက ခုနောက်ပိုင်း MPT တစ်ခုပဲ ရတော့တာ။ တစ်ခါတစ်လေ ဖုန်းလိုင်းကို တစ်နေ့ကို နာရီပိုင်းအတန်ကြာတဲ့အထိ ပိတ်တာလည်းရိပြီးတော့ တစ်ခါတစ်လေ ရက်အတန်ကြာလည်း ကြာတက်တယ်” ဟု ပြည်မဘက်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့တွင် တစ်ခါတစ်လေ တာဝါတိုင်တွင် ဆီကုန်ပါက ဖုန်းလိုင်းများ ပြတ်တောက်တက်ပြီး ထိုကဲ့သို့ ဖြစ်ပေါ်က မင်းတပ်-မတူပီလမ်းတွင်ရှိသော တာဝါတိုင်က ရရှိသော ဆစ်ကနယ်မိရာ နေရာကိုသွားပါက ဖုန်းဆက်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ခုတော့ မတူပီမြို့တွင် မည်သည့် ဖုန်းလိုင်းမှ မရတာဖြစ်ပါတယ်။ မတူပီမြို့တွင် ယခုနောက်ပိုင်း MPT နှင့် MEC ဆင်းများကို အဓိက အသုံးပြုလာကြပါတယ်။

အလားတူပဲ မင်းတပ်မြို့နယ်တွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းက စပြီး ဖုန်းလိုင်းများကို ပိတ်ထားသောကြောင့် စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် မင်းတပ်မြို့တွင် ခုလို ဖုန်းလိုင်းများကို ဖြတ်တောက်ထားတာဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။

ယနေ့မနက်ပိုင်းကစပြီး မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ CDF-Mindat ကြားတိုက်ပွဲဖြစ်ပွားပြီး ရွာတွေလည်းမီးရှို့ပြီးနောက် ညနေပိုင်းတွင် ဂျက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ကန်ပက်လက်မြို့နယ်မှာတော့ ဖုန်းလိုင်းရရှိပေမယ့် အင်တာနက်လိုင်းကတော့ ၁၀ မိနစ်ခြား ဖွင့်၊ပိတ်ဖြစ်နေတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်