မတူပီမြို့စစ်ကြောရေးတွင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု ၆ လကျော်ကြာမှ သေဆုံးကြောင်း မိသားစုဝင်များသိရ

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာကုန်းမှ တပ်သား ၂ ဦးဟာ သေနတ် ၃ လက်နဲ့တူ CDF-Matupi ထံ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အလင်းဝင်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်သား ၂ ဦး ပြည်သူဘက်အလင်းဝင်ပြီး နောက်နေ့မှာပဲ မတူပီမြို့ပေါ်နေ အမျိုးသမီး ၆ ဦးအပါအဝင် ပြည်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဗျူဟာကုန်းကို ခေါ်ဆောင်သွားခဲ့ကာ ထွက်ပြေးသွားသော တပ်သား ၂ ဦးကို ကူညီခဲ့သည် ဟုဆိုကာ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်။

ထိုကဲ့သို့ ညှင်းပန်း နှိပ်စက်ခံရသောသူများထဲတွင် မတူပီမြို့တွင် နေထိုင်သော ဗန်ကိုင်းရွာက အသက် ၃၀ ဝန်းကျင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ မဒီဇင်လည်း အပါအဝင်ဖြစ်ပါတယ်။ မဒီဇင်ကို ဖမ်းဆီးသွားတာ ၆ လ ကျော်ကြာသည်အထိ မိသားစုများနဲ့ တွေ့ဆုံခွင့်မပေးခြင်း၊ မဒီဇင် ဘယ်ရောက်နေသည်ကို မိသားစုဝင်များကို စစ်တပ်က အသိမပေးခဲ့ပါ။

ထို့ကြောင့် မိသားစုဝင်များက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကသာ တာဝန်ရှိသူများကို မေးမြန်းခဲ့ရာ မဒီဇင်ကို ၂၀၂၂ ဇွန်လတုန်းက စစ်သားများက နှိပ်စက်သောကြောင့် သေဆုံးခဲ့ပြီဖြစ်ကြောင်းကို သိရကြောင်း သတင်းရရှိပါတယ်။

မဒီဇင်သေဆုံးပြီဖြစ်ကြောင်း သေတမ်းစာကိုလည်း မတူပီမြို့ တရားရုံးက ဒီရက်ပိုင်းအတွင်းမှာပဲ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ မဒီဇင်နဲ့အတူတူ ဖမ်းဆီးခံလိုက်ရသော နောက်ထပ် အမျိုးသမီးတစ်ဦးဟာလည်း ဒီကနေ့အထိ မိသားစုဝင်နဲ့ အဆက်အသွယ် မရှိသလို ဘယ်ရောက်နေကြောင်းကိုလည်း မသိရကြောင်းလည်း သိရပါတယ်။

မတူပီမြို့မှာတော့ စစ်တပ်စစ်ကြောရေးတွင် အသတ်ခံရသောသူ ၂ ဦးရှိဖြစ်ကာ ဒီရက်ပိုင်းအတွင်းမှာပဲ အသတ်ခံရကြောင်း သိရသော မဒီဇင်နှင့် ပြီးခဲ့တဲ့လမှာလည်း ဖနိုင်သားတစ်ယောက်ကိုလည်း စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်