မတူပီမြို့နယ်ရှိ ကိုင်ဆီးတောင်တွင် စစ်တပ်စခန်းချရန် ပြင်ဆင်နေဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့ကနေ ၇ မိုင်ခန့်အကွာတွင်ရှိသော ကိုင်ဆီးတောင်တွင် စစ်တပ်ဟာ စခန်းတစ်ခုချရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ယမန်နေ့ မတ် ၂၀ ရက် မနက် ၄ နာရီအချိန်တွင် စစ်ကားများဖြင့် စခန်းချရန်အတွက် လိုအပ်သော အုတ်၊ သဲများကို သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောပါတယ်။

ဒီလို မြို့အပြင်တွင် စစ်ကောင်စီက စခန်းချရန် ကြိုးပမ်းနေခြင်းဟာ မြို့ပေါ်တွင် CDF-Matupi တိုက်ပွဲဆင်မည်ဆိုတဲ့ ကောလဟာလများကြောင့် စစ်ကောင်စီဟာ မြို့အပြင်ဘက်တွင်လည်း စခန်းချရန် ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း CDF-Matupi က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နိုင်ဂျွန်ကင်မ်က ပြောပါတယ်။

“သူတို့က အရင်ကလည်း ၉ မိုင်မှာ ယာယီစခန်းချတာတွေလည်း ရှိတယ်။ ခုလည်း ယာယီသဘောလို့ပဲ ထင်ပါတယ်။ တကယ်လို့ သူတို့က အဲ့မှာ စခန်းချမယ်ဆိုရင်လည်း ငါတို့အတွက် ပိုကောင်းတာပေါ့၊ မြို့အပြင်ကို ထွက်လာတာကို ကျွန်တော်တို့ဘက်ကတော့ ပိုတောင်ကြိုက်တယ်။ ပြည်သူတွေအတွက် စိုးရိမ်စရာ မလိုပဲ သွားတိုက်လို့ရသွားတာပေါ့” ဟု နိုင်ဂျွန်ကင်မ်က ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်