မတူပီမြို့အခြေစိုက် စစ်ကောင်စီ တပ်သားတစ်ဦးထွက်ပြေး

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦးဟာ မေလ ၂၃ ညတွင် ထွက်ပြေးသွားကြောင်း မတူပီမြို့ခံတစ်ဦးက ပြောပါတယ်။

၎င်းတပ်သားဟာ လက်နက်ယူဆောင်သွားခြင်းမရှိပါ။ မေလ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားများဟာ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ မတူပီမြို့ပေါ်တွင် လှည့်လည်သွားလာနေကြေကြောင်း ဒေသခံများက ပြောပါတယ်။

ထိုအပြင် မနေ့ည မေ ၂၆ ရက်ကလည်း မတူပီမြို့ပေါ်တွင် လက်နက်ကြီးသံ ၄ ၊ ၅ ချက်လောက်ကြားခဲ့ရပါတယ်။ မတူပီမြို့ပေါ်တွင် သေနတ်သံ လက်နက်ကြီးသံကို နေ့တိုင်းလိုလို ကြားနေရတာကြောင့် ဒေသခံများအတွက် သာမန်ကိစ္စလိုဖြစ်နေပြီဖြစ်ကြောင်း ဆိုပါတယ်။

အရင်လကလည်း မြန်မာ့စီးပွားရေးဘဏ်မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ သေနတ် ၃ လက်နဲ့ထွက်ပြေးတာကြောင့် ၎င်းတို့ကိုကူညီတယ်လို့ဆိုကာ စစ်ကောင်စီက ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီး အမျိုးသမီး ၂ ဦးကိုသာပြန်လွှတ်ခဲ့ပါတယ်။

Zawgyi

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီ တပ္သားတစ္ဦးထြက္ေျပး

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္သားတစ္ဦးဟာ ေမလ ၂၃ ညတြင္ ထြက္ေျပးသြားေၾကာင္း မတူပီၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

၄င္းတပ္သားဟာ လက္နက္ယူေဆာင္သြားျခင္းမရွိပါ။ ေမလ ၂၄ ရက္ေန႔မွာေတာ့ စစ္ေကာင္စီတပ္သားမ်ားဟာ အရပ္ဝတ္ျဖင့္ ဆိုင္ကယ္စီးကာ မတူပီၿမိဳ႕ေပၚတြင္ လွည့္လည္သြားလာေနေၾကေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

ထိုအျပင္ မေန႔ည ေမ ၂၆ ရက္ကလည္း မတူပီၿမိဳ႕ေပၚတြင္ လက္နက္ႀကီးသံ ၄ ၊ ၅ ခ်က္ေလာက္ၾကားခဲ့ရပါတယ္။ မတူပီၿမိဳ႕ေပၚတြင္ ေသနတ္သံ လက္နက္ႀကီးသံကို ေန႔တိုင္းလိုလို ၾကားေနရတာေၾကာင့္ ေဒသခံမ်ားအတြက္ သာမန္ကိစၥလိုျဖစ္ေနၿပီျဖစ္ေၾကာင္း ဆိုပါတယ္။

အရင္လကလည္း ျမန္မာ့စီးပြားေရးဘဏ္မွာလံုျခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ေသနတ္ ၃ လက္နဲ႔ထြက္ေျပးတာေၾကာင့္ ၄င္းတို႔ကိုကူညီတယ္လုိ႔ဆိုကာ စစ္ေကာင္စီက ေဒသခံ ၅ ဦးကို ဖမ္းဆီးၿပီး အမ်ဳိးသမီး ၂ ဦးကိုသာျပန္လႊတ္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်