မတူပီမြို့အနီးက စစ်တပ်ပိုင် ဘုံတလာရေအားလျှပ်စစ် စက်ရုံ မိုင်းခွဲခံရ

ချင်းပြည်နယ်၊ မတူပီမြို့ တပ်ရင်း ၁၄ဝတွေအဓိကအသုံးပြုတဲ့ ဘုံတလာရေအားလျှပ်စစ် စက်ရုံကို ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၂ နာရီဗလာက်တွင် CDF – Matupi တွေက မိုင်းခွဲသွားတယ်လို့သတင်းရရှိပါတယ်။

မတူပီဒေသခံတစ်ဦးက “ဗုံးပေါက်ကွဲသံကြားရတယ်။ မြို့ပေါ်က စစ်ခွေးတွေလည်း အဲ့ဘက်ကိုသွားကြတယ်။ လက်နက်ကြီးတွေက လှမ်းပစ်သံလည်းကြားရတယ်။ ဘယ်လောက်ပျက်ဆီးတယ်ဆိုတာတော့မသိရဘူး” လို့ပြောပါတယ်။

ကီလိုဝပ် ၅၀၀ ထုတ်လုပ်နိုင်တဲ့ ဘုံတလာရေအားလျှပ်စစ်စီမံကိန်းဟာ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်စတင်ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ပြည်သူတွေကတော့ နန်မလောင်ရေအားလျှပ်စစ်ကနေ လျှပ်စစ်မီးရရှိပြီး မနှစ် ၂၀၂၀ ခုနှစ်တွင် မဟာဓာတ်အားလိုင်းရရှိပါတယ်။

မတူပီမြို့ရဲ့မြောက်ဘက် ၆ မိုင်အကွာမှာတည်ရှိပြီး လည်မျိုချောင်းကို ရေကာပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် ရေအားလျှပ်စစ်ဆိုလို့ မတူပီ ဘုံတလာရေအားလျှပ်စစ်ရုံနဲ့ ရခိုင်ပြည်နယ် အမ်းမြို့က ရေအားလျှပ်စစ်ပဲဖြစ်ပါတယ်။

Zawgyi

မတူပီၿမိဳ႕အနီးက စစ္တပ္ပိုင္ ဘုံတလာေရအားလွ်ပ္စစ္ စက္ရံု မိုင္းခြဲခံရ

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ တပ္ရင္း ၁၄၀ေတြအဓိကအသံုးျပဳတဲ့ ဘံုတလာေရအားလွ်ပ္စစ္ စက္ရံုကို ယေန႔ ေအာက္တိုဘာ ၃ ရက္ေန႔ ညေန ၂ နာရီဗလာက္တြင္ CDF – Matupi ေတြက မိုင္းခြဲသြားတယ္လုိ႔သတင္းရရွိပါတယ္။

မတူပီေဒသခံတစ္ဦးက “ဗံုးေပါက္ကြဲသံၾကားရတယ္။ ၿမိဳ႕ေပၚက စစ္ေခြးေတြလည္း အဲ့ဘက္ကိုသြားၾကတယ္။ လက္နက္ၾကီးေတြက လွမ္းပစ္သံလည္းၾကားရတယ္။ ဘယ္ေလာက္ပ်က္ဆီးတယ္ဆိုတာေတာ့မသိရဘူး” လို႔ေျပာပါတယ္။

ကီလိုဝပ္ ၅၀၀ ထုတ္လုပ္ႏိုင္တဲ့ ဘံုတလာေရအားလွ်ပ္စစ္စီမံကိန္းဟာ ၂၀၀၆ ခုႏွစ္ ဇန္နဝါရီလ ၁၇ ရက္တြင္စတင္ၿပီး ၂၀၀၇ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္တြင္ ဖြင့္လွစ္ခဲ့တာျဖစ္တယ္။ ျပည္သူေတြကေတာ့ နန္မေလာင္ေရအားလွ်ပ္စစ္ကေန လွ်ပ္စစ္မီးရရွိၿပီး မႏွစ္ ၂၀၂၀ ခုႏွစ္တြင္ မဟာဓာတ္အားလိုင္းရရွိပါတယ္။

မတူပီၿမိဳ႕ရဲ႕ေျမာက္ဘက္ ၆ မုိင္အကြာမွာတည္ရွိၿပီး လည္မ်ဳိေခ်ာင္းကို ေရကာၿပီးတည္ေဆာက္ထားတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္ပိုင္ ေရအားလွ်ပ္စစ္ဆုိလို႔ မတူပီ ဘံုတလာေရအားလွ်ပ္စစ္ရံုနဲ႔ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕က ေရအားလွ်ပ္စစ္ပဲျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်