မတူပီမြို့ နယ်တွင် အိမ်တလုံးပေါ် သစ်ပင်လဲကျမူကြောင့်လူတစ်ဦးသေဆုံး

ချင်းပြည်နယ်၊မတူပီမြို့နယ်၊ ဟာလ်တူးကျေးရွာတွင် ယနေ့ ဩဂုတ်လ ၇ရက် မနက် ၂ နာရီဝန်းကျင်တွင် သစ်ပင်လဲကျမူကြောင့် အသက် (၅၂)နှစ် အရွယ်ရှိ  အိမ်ရှင်အမျိုးသား ဦးလောင်ဟွန်း သေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရှိကြောင်း သတင်းရရှိပါသည်။

“မနက် ၂နာရီလောက်မှာ မိုးအသည်းအ သန် ရွာပြီးတော့ အိမ်ရှေ့  သစ်ပင်က အမြစ်ကနေလှန်ပြီး အိမ်ပေါ်ကို လဲကျလို့အိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးလောင်ဟွန်း(Lawng Hon)ကဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ ခေါင်းမှာဒဏ်ရာ အပြင်းအထန်ရလို့ မတူပီဆေးရုံမှာဆေးကုမှုခံယူနေတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောပါသည်။

၎င်းတို့တွင် ၈နှစ်အရွယ် သမီး နဲ့ သားငယ် နှစ်ယောက် ကျန်ရစ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်