မတူပီုမြို့နယ်က CDF တပ်ဖွဲ့ဝင်များ အလင်းဝင်လာဟု စစ်တပ်သတင်းစာတွင် ဝါဒဖြန့်

စစ်တပ် ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာ့အလင်း သတင်းစာ၏ ၂၀၂၃ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတိ သတင်းစာတွင် “ပြစ်မှူကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်” ခေါင်းစဉ်ဖြင့် မတူပီမြို့တွင် CDF တပ်ဖွဲ့ဝင်များ အလင်းဝင်လာခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

“ဒါကတော့ စစ်တပ်ရဲ့ အဓိက စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သရုပ်ဆောငိ သက်သက်တွေပါပဲ။ ကျွန်တော်တို့ဘက်ကနေ အလင်းဝင်တာ တစ်ယောက်မှ မရှိပါဘူး” ဟု CDF-Matupi တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နိုင်ဂျွန်ကီမ်က ပြောပါတယ်။

“ဥပ‌ဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် ပြစ်မှူကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်းတိုင်းဒေကကြီး တမူးမြို့နယ်၊ ရွှေဘိုမြိုနယ်၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် နှင့် ပေါက်မြို့နယ်၊ ချင်းပြည်နယ် မတူပီမြို့နယ်မှ PDF/CDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း အပ်နှံပေးခဲ့ကြသည်” ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားခဲ့ပါတယ်။

မတူပီမြို့နယ်က CDF အဖွဲ့ဝင် ဘယ်နှစ်ဦးနှင့် မည်သူ မည်ဝါ အလင်းဝင်ခဲ့ကြောင်းကိုတော့ ‌ဖော်ပြထားခြင်း မရှိပါဘူး။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်