မလေးရှားမှာ မြန်မာ ရိုဟင်ဂျာ ၃၅၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။

Zalen

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆီရီကန်ဘာကန်မှာ မြန်မာ ရိုဟင်ဂျာ ၃၃၅ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှား လူဝင်မှုကြီးရေးဌာနက ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ ရိုဟင်ဂျာ အပါအဝင် နိုင်ငံခြားသားတွေ အများစုနေထိုင်တဲ့ ဆီရီကန်ဘာကန်မှာ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်မှာ လူဝင်မူကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဌာနပေါင်းစုံတို့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆေးရာမှာ တိုက်ခန်းတစ်ခန်းရှိ ဒုတိယထပ် နေအိမ်သုံးထပ်နောက်မှာ ဝှက်ထားတဲ့ အွန်လိုင်းလောင်းကစားလှုပ်ရှားမှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့အပြင် လူနေအိမ်ရပ်ကွက် ၄ခုကိုလည်း ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တရားမဝင်နေထိုင်တဲ့ မြန်မာ ရိုဟင်ဂျာ အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၈၀ ဦးနဲ့ ကလေး ၃၀ ဦးအပါအဝင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘေဒီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေကို ဆက်လက် စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာန စမုန်ညင်းကန့်မှာ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

မလေးရှားမှာ ကွာလာလမ်ပူမြို့အပါအဝင် တခြားမြို့ကြီးတွေမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ အာဏာပိုင်တွေ ဆက်တိုက် ဖမ်းဆီးမှုတွေပြုလုပ်နေပြီး အခုလ ပထမအပတ်မှာ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီအဖမ်းခံရပါတယ်။

ဖမ်းဆီးခံရတဲ့ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးထောင်ချအရေးယူဆောင်ရွက်တာမျိုး မပြုလုပ်တော့ဘဲ ၁၀ ရက်အတွင်း စစ်ဆေးမေးမြန်းပြီး နေရပ်ပြန်ပို့မယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အထွေထွေ ဒါရိုက်တာ ဇူလိုင်လ ၉ ရက်နေ့က ပြောပါတယ်။

အခုနှစ် မလေးရှားဟာ အဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့အတွက် ခရီးသွားတဲ့နှစ်ဖြစ်တာကြောင့် တရားမဝင်နိုင်ငံခြားသားတွေ ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်တာနိုင်သလို မြန်မာနိုင်ငံသားတွေ အနေထားဆင်ခြင်ကြဖို့ မလေးရှားအခြေစိုက် ချင်းဒုက္ခသည်အဖွဲ့အစည်း CIC က အသိပေးထားပါတယ်။

သတင်း- ခူမီး

ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်