မလေးရှားမှာ မြန်မာ ၁၇၅ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၄၆၈ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၁၊ ၂၀၂၅

Zalen

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ကင်မရွန်းဟိုက်လန်းမှာ တရက်တည်း မြန်မာနိုင်ငံသား ၁၇၅ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၄၆၈ ဦး ဖမ်းဆီးရမိတယ်လို့ မလေးရှားသတင်းဌာနတွေက ယမန်နေ့မှာ ဖော်ပြကြပါတယ်။

အဖမ်းခံရတဲ့ တရားမဝင်နိုင်ငံခြားသား ၄၆၈ဦးထဲမှာ မြန်မာနိုင်ငံသား ၁၇၅ ဦးနဲ့အများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၇ ဦး၊ နီပေါနိုင်ငံသား ၂၀ ဦး နဲ့ အခြားနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

Zalen ad

ယမန်နေ့မနက် ဖမ်းဆီးမှုဟာ ဒေသခံ မလေးရှားပြည်သူတွေရဲ့ တိုင်ကြားချက်ကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Datuk Zakaria Shaaban က ပြောကြားခဲ့ပါတယ်။

ကင်မရွန်းဟိုက်လန်းရှိ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စီးပွားရေးအဆောက်အအုံတွေအပါအဝင် ဟင်းသီးဟင်းရွက်နဲ့သစ်သီးခြံတွေမှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“မနေ့တစ်နေကုန်နီးပါးဖမ်းတာ။ စိုက်ပျိုးရေးဘက်မှာ လုပ်လုပ်တဲ့မြန်မာတွေ အတော်ဖမ်းဆီးခံရတယ်။ မင်းတပ်ဘက်က ချင်းတွေလည်း အများစု ဖမ်းဆီးခံရတယ်။”လို့ ကင်မရွန်းဟိုက်လန်းမှာနေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

တရားမ၀င် ရွှေ့ပြောင်းအခြေချသူတွေကိုကျွန်တော်တို့ရဲ့မလေးရှားနိုင်ငံထဲကို ပို့ဆောင်ဖို့ ကြိုးပမ်းရာမှာ အလျှော့ပေးမှာ မဟုတ်ဘူး လို့ မလေးရှားနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အလေးအနက် ပြောကြားခဲ့ပါတယ်။

ယမန်နေ့မနက် ကင်မရွန်းဟိုက်လန်းမှာ ပူထရာဂျာယာလူဝင်မူကြီးရေးနဲ့တခြားပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာနတို့က ပူးပေါင်းပြီး နိုင်ငံခြားသား ၁၈၈၆ ဦး စစ်ဆေးခဲ့ကာ တရားမဝင်နိုင်ငံခြားသား ၄၆၈ ဦးကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

သတင်း- ခူမီး

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်