မိန်းမ ၃ ယောက်ယူပြီး ကလေး ၆၀ ရှိတဲ့ ပါကစ္စတန်အမျိုးသား နောက်မိန်းမထပ်ယူရန် ဆန္ဒရှိ

ပါကစ္စတန်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိန်းမ ၃ ယောက်ယူထားသောသူတစ်ယောက်ဖြစ်ပြီး သူဟာ မကြာသေးခင်ကပဲ သူ့ရဲ့ ၆၀ မြောက် ကလေးကို ကြိုဆိုခဲ့သော်လည်း အနာဂတ်တွင် ကလေးထပ်ယူရန် မျှော်လင့်နေဆဲဖြစ်ပါတယ်။

ဆာဒါရ်းဂျန်မိုဟာမတ်ခမ်ခီလ်ဂျီလို့အမည်ရတဲ့ အသက် ၅၀ နှစ်အရွယ် ၎င်းအမျိုးသားဟာ ပါကစ္စတန်နိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ ကွီတမြို့တွင် နေထိုင်သူဖြစ်ပြီး သူဟာ အမျိုးသမီး ၃ ဦးနဲ့ အိမ်ထောင်ပြုထားသူဖြစ်ကာ သူ့ရဲ့ များပြားလှသော မိသားစုဝင်ကြောင့် လူသိများသောသူ တစ်ယောက်ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ မကြာခင် စတုတ္ထမြောက် ဇနီးကိုရှာတွေ့နိုင်ရန် စိတ်ထက်သန်နေသောသူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ စတုတ္ထမြောက် ဇနီးကို ရှာတွေ့နိုင်ရန် ကူညီကြဖို့ သူငယ်ချင်းတွေအားလုံးကို အကူညီတောင်းထားတယ်” ဟု သူက BBC သတင်းဌာနကို ပြောပါတယ်။

သူဟာ နောက်ထပ် ဇနီးတစ်ဦးကိုလည်း ရှာဖွေနေဆဲဖြစ်သလို နောက်ထပ်ကလေးများ ယူရန်လည်း ဆန္ဒရှိနေသူတစ်ယောက်ဖြစ်ပြီး သားထက် သမီးများများလိုချင်သောသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကတော့ မိသားစုဝင်များ ထပ်မံတိုးလာရန်ရှိသော်လည်း တစ်အိမ်ထဲမှာပဲ တစ်စုတစ်စည်းတည်း မိသားစုဝင်များနဲ့ နေချင်သောသူဖြစ်ပါတယ်။ သို့သော်လည်း ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွလာမှုဟာ သူ့ရဲ့မိသားစုကိုလည်း ငွေကြေးအရ ထိခိုက်လာပြီဖြစ်ပါတယ်။

“စီးပွားရေးလုပ်ငန်းတွေက ရပ်တန့်နေတယ်။ အခြေခံပစ္စည်းတွေဖြစ်တဲ့ ဂျုံမှုန့်၊ ထောပတ်နှင့် သကြားဈေးနှုန်းတွေကလည်း တက်လာတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ပါကစ္စတန်နိုင်ငံသားအားလုံး၊ တစ်ကမ္ဘာလုံး ကျွန်တော်တို့အပါအဝင် ဒုက္ခရောက်ခဲ့ကြတယ်” ဟု သူက ပြောပါတယ်။

ခီလ်ဂျီကတော့ သူ့ရဲ့ မိသားစုနဲ့ ပျော်ပါးထွက်ခြင်းနှင့် ခရီးသွားရတာကို အလွန်နှစ်သက်သောသူဖြစ်ကြောင်း ဆိုပါတယ်။ သို့သော်လည်း ကံဆိုးစွာနဲ့ပဲ များပြားသောမိသားစုဝင်များကြောင့် ခရီးသွားဖို့ရန် မော်တော်ယာဉ်များစွာ လိုအပ်မည်ဖြစ်သောကြောင့် ခရီးသွားရန် ခက်ခဲနေပါတယ်။

“အကယ်၍ ကျွန်တော်တို့ကို အစိုးရက ဘတ်စ်ကားစီစဉ်ပေးမယ်ဆိုပါက၊ ကျွန်တော့်မိသားစုဝင်များကို ပါကစ္စတန်နိုင်ငံတစ်နိုင်ငံလုံး လွယ်လွယ်ကူကူ ခေါ်သွားနိုင်တာပေါ့” ဟု သူကတော့ ပြောပါတယ်။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်