မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုကြောင့် ဟားခါးမြို့မှာ နေအိမ်တစ်လုံးပျက်စီး

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

ချင်းပြည်နယ်၊ ဟားခါးမြို့မှာစက်တင်ဘာ ၁၂ရက်နေ့ကနေ စက်တင်ဘာ ၂၀ရက်နေ့အထိ တစ်ပတ်ကျော်အထိ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၈ရက်နေ့က မြေပြိုကျခဲ့ပြီး မြို့သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြိုကျပျက်စီးသွားတဲ့ နေအိမ်ဟာ ဦးခွါအိရ်ရဲ့ ပျဉ်ထောင်အိမ်ဖြစ်ပြီး Amazon ကိုယ်ပိုင်ကျောင်းအနီး RC အသင်းတော်ဘုရားကျောင်းအောက်ဘက်နားက နေအိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိုးများတော့ မြေသားက ပျော့ပြီး ပြိုကျတာ။ အိမ်သူတို့ ပစ္စည်းတွေကိုတော့ ပြောင်းရွှေ့ထားကြတယ်၊ လူထိခိုက်တာ မရှိပါဘူး ” လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။ ချင်းပြည်နယ်ဟာ သက်နုတောင်တန်းဖြစ်သလို မိုးရွာသွန်းများတိုင်း မြေပြိုကျမှုတွေဟာ မကြာခဏ ဖြစ်ပေါ်‌လေ့ရှိပါတယ်။ အခုလို မိုးရာသီမှာ မြေပြိုမှုအများဖြစ်‌ပွားတတ်ပြီး နေအိမ်အများအပြား ပျက်စီးသလို လမ်းပြိုကျမှုတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်