မီဇိုရမ်တွင်ခိုလှုံသော CDM စစ်သားတစ်ဦး လူသတ်ရန်ကြံစည်မှုဖြင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်

၂၂၊ နိုဝင်ဘာ၊၂၀၂၃

Zalen

အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ကာ မီဇိုရမ်ထဲခိုလှုံလာသူ စစ်ကောင်စီတပ်သား အောင်မင်းကို လူသတ်ရန်ကြိုး ပမ်းကြံစည်မှုဖြင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ရူပီး ၃၀၀၀ ပြစ်ဒဏ်ချမှတ်လိုက် တယ်လို့ဒေသတွင်း သတင်းတွေဖော်ပြချက်အရသိရပါတယ်။

CDM စစ်သား ဦးအောင်မင်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်ကာ ၂၀၂၂ ခုနှစ်အစောပိုင်းတွင် မတူပီမြို့ ခရလ ၁၄၀ တပ်ရင်းမှ CDM ပြုလုပ်လာကာ ကျန်ဖိုင်းမြို့နယ် ဇိုးသဲစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူဖြစ်ပါတယ်။

ယင်း စခန်းတွင်နေထိုင်စဉ် ၂၀၂၂ ဇူလိုင်လ အစောပိုင်းတွင် ၎င်းနဲ့အတူစစ်ရှောင်စခန်းမှာနေထိုင်တဲ့ လာလ်မွန်ပွီးယာ နဲ့ ဇနီးဖြစ်သူ မာလ်စောမ်ဆန်းအီး တို့ထံသွားကာ အရက်ဝယ်ပေးရန် သွားခိုင်း ရင်းကနေ မာလ်စောမ်ဆန်းအီး က စစ်ရှောင်စခန်းမှာ အရက်သယ်ဆောင်ခွင့်မပြုကြောင်း နဲ့ သွားမဝယ်ပေးနိုင် ကြောင်းပြောဆိုလာသောကြောင့် ဦးအောင်မင်းဒေါသထွက်ကာ မာလ်စောမ်ဆန်းအီး အား လည်ပင်းနဲ့ ပေါင်တို့တွင် ဓားဖြင့်ခုတ်ကာ ဇနီးသည်အား ကူညီရန် လာသော လာလ်မွန်ပွီးယာ ကိုလည်း ဒူးခေါင်းတွင် ဓားဖြင့်ခုတ်ပြီးထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။

ဦးအောင်မင်းထွက်ပြေးပြီး နောက်တနေ့တွင် Hmunhmeltha ရွာလယ်တဲတစ်ခုမှာ မီဇိုးလူငယ်အသင်း (YMA) က ပြန်လည်ဖမ်းဆီးရမိကာ ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့ထံအပ်နှံခဲ့ကြပါတယ်။ ဦးအောင်မင်းအမှု နဲ့ပတ်သက်ပြီး အကြိမ်ကြိမ်အမှုကြားနာပြီးနောက် ကျန်ဖိုင်းခရိုင်တရားသူကြီး Sylvie Zomuanpuii Ralte က လူသတ်ရန်ကြိုးပမ်းကြံစည်မှု ဖြင့် ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ရူပီး ၃၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက မနေ့နိုဝင်ဘာလ ၂၁ ရက်နေ့ တွင်ဖော်ပြထားပါတယ်။ ဒဏ်ငွေ ရူပီး ၃၀၀၀ အားပေးဆောင်နိုင်ခြင်းမရှိပါက နောက်ထပ် ၃ လ ထောင်ကျခံရမယ် လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်