မီဇိုရမ်တွင် ၄ နှစ်အတွင်းမြန်မာနိုင်ငံမှကွမ်းသီးခြောက် ရူပီး သန်းပေါင်း ၁၈၀ ကျော်တန်ဖိုးရှိ ဖမ်းဆီးရမိ

၁၃၊ နိုဝင်ဘာ ၊၂၀၂၃

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မှ  ၂၀၂၃ ခုနှစ်အထိ ၄ နှစ် အတွင်းမြန်မာနိုင်ငံ မှတရားမဝင်တင်သွင်းတဲ့ကွမ်းသီးအခြောက် ရူပီး သန်းပေါင်း ၁၈၀ ကျော်တန်ဖိုးဖမ်းဆီးရမိတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ ၄ နှစ် အတွင်း မြန်မာနိုင်ငံကနေတရားမဝင်ကွမ်းသီးခြောက်သယ်ဆောင်လာသူ ၁၇၇ ဦးနဲ့ ကွမ်းသီး ခြောက် အိတ်ပေါင်း ၁၈,၄၁၉ အလေးချိန်အားဖြင့် ၃၄,၇၉၀ ကီလိုဂရမ် ကာလတန်ဖိုး ရူပီး ၁၈,၂၃,၃၀,၂၂၅ ကိုဖမ်းဆီးရမိတာဖြစ်ပါ တယ်။

၂၀၂၀ ခုနှစ်တွင် မီဇိုရမ်ရဲတပ်ဖွဲ့မှတရားမဝင် မြန်မာကွမ်းသီးခြောက်သယ်ဆောင်လာသူ ၁၈ ဦးထံမှ ကွမ်းသီးခြောက် အိတ်ပေါင်း ၂,၈၄၃ အိတ် ကာလတန်ဖိုး ရူပီး ၄၁,၁၆,၀၀၀ ကိုဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံ လူ ၁၈ ဦးတို့ကိုတော့ ပစ္စည်းများသာ သိမ်းပြီး အရေးယူမှုများမလုပ်ဆောင်ခဲ့ဘူးလို့သိရပါတယ်။

၂၀၂၁ ခုနှစ်တွင် မြန်မာကွမ်းသီးခြောက်သယ်ဆောင်လာသူ ၂၈ ထံမှ ကွမ်းသီးခြောက် အိတ်ပေါင်း ၃,၅၉၃ ကာလတန်ဖိုး ရူပီး ၄,၃၁,၁၆,၀၀၀ ကိုဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင်လည်းဖမ်းဆီးခံသူများကို အရေးယူမှု တွေမလုပ်ခဲ့ဘူးလို့သိရပါတယ်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင်လည်း မြန်မာကွမ်းသီးခြောက်သယ်ဆောင်လာသူ ၇ ဦးထံ မှ ကွမ်းသီးခြောက် အိတ်ပေါင်း ၄,၀၃၄ ကာလတန်ဖိုး ရူပီး ၄,၆၃,၀၇,၄၂၅ ကိုဖမ်းဆီးခဲ့ ကာ ယင်း ၇ ဦးတို့ကိုမူ မီဇိုရမ် ရဲတပ်ဖွဲ့မှ အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် ယခုနှစ်တွင် လူပေါင်း ၉၆ ဦးထံမှ မြန်မာကွမ်းသီးခြောက် အိတ်ပေါင်း ၇,၉၄၉ ကာလတန်ဖိုး ရူပီး ၈,၈၇,၉၀,၈၀၀ ကိုဖမ်းဆီးခဲ့ကာ ဖမ်းဆီးခံ ၉၆ ဦးထဲမှ ၁၉ ဦးတို့ကို အရေးယူမှုများပြုလုပ် ခဲ့တယ်လို့သိရပါတယ်။

“မြန်မာနိုင်ငံကနေသယ်ဆောင်လာကြတဲ့ ကွမ်းသီးအခြောက်များကို ဖမ်းဆီးရခြင်းက သူတို့ကဘာအခွန်မှ လည်းမဆောင်ကြဘူး။ ပြီးတော့ပြည်နယ်အစိုးရကနေ တရားဝင် ခွင့်ပြုထားတဲ့လုပ်ငန်းလည်းမဟုတ်တဲ့ ခါကြတော့ တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းမို့လို့ ဖမ်းရတာပါ။ ဖမ်းဆီးခံရတဲ့လူတွေထဲမှာလဲ သူတို့သယ် ဆောင်လာတဲ့ ပစ္စည်းအပေါ်မူတည်ပြီး အရေးယူမှုတွေပြုလုပ်တာလည်းရှိပါတယ်” လို့ မီဇိုရမ် ဗဟို လိုင်လူငယ် အဖွဲ့အစည်း (CYLA) မှ တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါတယ်။

မြန်မာနိုင်ငံကနေ သယ်ဆောင်တဲ့ ကွမ်းသီးတွေဟာ မီဇိုရမ်ကိုဖြတ်ပြီး အိန္ဒိယပြည်ပဘက်သို့ပို့ဆောင်ခဲ့တာဖြစ်ပြီး မြန်မာပြည်က ကွမ်းသီးသယ်ဆောင်သူတွေဟာ အိန္ဒိယကုမ္မဏီတွေရဲ့ ကြားခံသာဖြစ်ပါတယ်။ ကွမ်းသီးသယ်ယူမှုကြောင့် မြန်မာဘက်နဲ့ မီဇိုရမ်ဘက်တွင် အကျိုးအမြတ်များစွာခံစားကြပေမယ့် မီဇိုရမ်ကွမ်းသီးတောင်သူများက ကန့်ကွက်လို့ ပြည်နယ်အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အရှိန်အဟုန်နဲ့ဖမ်းဆီးလာပါတယ်။ ဖမ်းဆီးမိတဲ့ ကွမ်းသီးတင်ဆောင်တဲ့ကားတွေကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေက မီးရှို့ဖြတ်ဆီးလေ့ရှိပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်