မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သစ် ပူးလာလ်ဒုအောမ်မာ (Pu Lalduhoma) နဲ့ ၀န်ကြီးအဖွဲ့များ ယနေ့ ကျမ်းသစ္စာကျိန်ဆို

၈၊ ဒီဇင်ဘာ ၊၂၀၂၃

Zalen

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင်အပြတ်သက် အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သော Zoram People’s Movement (ZPM)ပါတီဥက္ကဌ ပူးလာလ်ဒုအောမ်မာကို မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် အဖြစ် အတည်ပြု ကာ၎င်းနဲ့အတူ ဝန်ကြီးများက ဒီကနေ့ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၁၁ နာရီတွင် ကျမ်း သစ္စာကျိန်ဆိုခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီကနေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ ပူးလာလ်ဒုအောမ်မာ အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး၇ ဦး၊ပြည်နယ် ဝန်ကြီး ၄ ဦး နဲ့ လွှတ်တော်ဥက္ကဌ ၁ ဦး တို့ဟာ မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ်မြို့ အုပ်ချုပ်ရေးမှူး အိမ်ယာတွင်ကျမ်း သစ္စာကျိန်ဆိုခဲ့ကြတာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နှစ်ဦး

ဒီကနေ့ကျမ်းသစ္စာကျိန်ဆိုသူများမှာ ဝန်ကြီးချုပ်အဖြစ် ပူးလာလ်ဒုအောမ်မာ (Pu Lalduhoma)၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖြစ် Pu K. Sapdanga, Pu Vanlalthlana, Pu C. Lalsawivunga , Pu Lalthansanga , Dr. Vanlalthlana , Pu PC Vanlalruata, Pi Lalrinpuii တို့ဖြစ်ကြပါတယ်။ ပြည်နယ်ဝန်ကြီး များအဖြစ် F. Rodingliana, B. Lalchhanzova , Prof. Lalnilawma, Lalnghinglova Hmar (Tetea)နဲ့ လွှတ်တော် ဥက္ကဌအဖြစ် Pu Lalfamkima တို့ဖြစ်ကြပါတယ်။

ဒီကနေ့ အစိုးရအသစ်ကျမ်းသစ္စာဆိုပွဲတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ Mizo National Front (MNF) ပါတီမှ ဥက္ကဌ ပူး ဇိုရမ်ထန်းငါ (Pu Zoramthanga) နဲ့ India National Congress(INC) ပါတီ မှ ပူးလာလ်ထန်ဟောလ်လာ (Pu Lalthanhawla) တို့နှစ်ဦးလည်း တက်ရောက်ခဲ့ကြ တယ်လို့သိရပါတယ်။

Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်