မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်တွင် စစ်ဘေးရှောင်ပြည်သူများကိုယ်ထူကိုယ်ထစာသင်ကျောင်းဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင် Niawtlang ကျေးရွာက မြန်မာစစ်ဘေးရှောင်ပြည်သူတွေဟာ ကလေးတွေစာသင်ကြားနိုင်ဖို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို ဇွန် ၂၄ ရက်က ဖွင့်လှစ်ကြတယ်လို့သိရတယ်။

Niawtlang ကျေးရွာက စစ်ဘေးရှောင်တွေဟာ ချင်းပြည်နယ်၊ ရေဇွာမြို့၊ မတူပီမြို့နဲ့ ထန်တလန်မြို့နယ်က ပြည်သူတွေလာရောက်ခိုလှုံကြပြီး မိသားစု ၉၀ ကျော် လူဦးရေ ၅၀၀ လောက်နေထိုင်ကြပါတယ်။

စစ်ဘေးရှောင်စာသင်ကျောင်းတည်ဆောက်ရေးတာရှိရှိသူတစ်ဦးက “နောက်ပတ် တနင်္လာနေ့ကစပြီး ကျောင်းစတက်မယ်။ ရွာသားတွေက သူတို့မသုံးတော့တဲ့ ခန်းမကိုသုံးခွင့်ပေးတယ်။ အခန်းက မိုးနဲ့ အကာအနည်းငယ်ပဲရှိတယ်။ အပေါ်ပိုင်းကာဖို့ မိုးကာတွေ ရွာသားတွေကပေးတယ်။ ထိုင်ခုံ၊ စာရေးကိရိယာတွေ၊ စာပွဲတွေတော့ ကိုယ့်ဘာသာစီစဉ်ရမယ်။ ကျောင်းသားမိဘတွေက တောထဲက ဝါးကိုခုတ်ပြီး အခန်းကာဖို့လုပ်နေကြတယ်။ သင်ကြားမယ့်ဘာသာရပ်တွေကတော့ သင်္ချာ၊ အင်္ဂလိပ်၊ မြန်မာ၊ ဟားခါးစာကိုသင်မယ်။ အခုက ဆရာ၊မတွေကပဲ ပုံနှိပ်စာအုပ်တွေရှိတယ်” လို့ပြောပါတယ်။
ယင်းစာသင်ကျောင်းတွင် KG ကနေ Grade 9 အထိသင်ကြားမှာဖြစ်ပြီးေ ကျာင်းသား ဦးရေ ၈၀ ကျော်ရှိပြီး ဆရာ၊မ ၁၁ ယောက်ကသင်ကြားပေးမှာဖြစ်ပါတယ်။ ဆရာ၊မတွေကတော့ ကိုယ်ကျိုးစွန့်ပြီး ကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး အလှူရှင်ရှိရင် တစ်လ ရူပီး ၅ထောင်နှုန်းနဲ့ချီးမြှင့်မယ်လို့သိရတယ်။

စာသင်ချိန်ကတော့ မနက်ပိုင်းမှာ မူလတန်းကျောင်းသားတွေသင်ကြားပြီး ညနေပိုင်းတွင် အလယ်တန်းကျောင်းသားတွေကို သင်ကြားမှာဖြစ်ပါတယ်။

Zawgyi

မီဇိုရမ္ျပည္နယ္၊ ရွာဟာခ႐ိုင္တြင္ စစ္ေဘးေရွာင္ျပည္သူမ်ားကိုယ္ထူကိုယ္ထစာသင္ေက်ာင္းဖြင့္လွစ္

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ ရွာဟာခ႐ိုင္ Niawtlang ေက်း႐ြာက ျမန္မာစစ္ေဘးေရွာင္ျပည္သူေတြဟာ ကေလးေတြစာသင္ၾကားႏိုင္ဖို႔ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းကို ဇြန္ ၂၄ ရက္က ဖြင့္လွစ္ၾကတယ္လို႔သိရတယ္။

Niawtlang ေက်း႐ြာက စစ္ေဘးေရွာင္ေတြဟာ ခ်င္းျပည္နယ္၊ ေရဇြာၿမိဳ႕၊ မတူပီၿမိဳ႕နဲ႔ ထန္တလန္ၿမိဳ႕နယ္က ျပည္သူေတြလာေရာက္ခိုလႈံၾကၿပီး မိသားစု ၉၀ ေက်ာ္ လူဦးေရ ၅၀၀ ေလာက္ေနထိုင္ၾကပါတယ္။

စစ္ေဘးေရွာင္စာသင္ေက်ာင္းတည္ေဆာက္ေရးတာရွိရွိသူတစ္ဦးက “ေနာက္ပတ္ တနလၤာေန႔ကစၿပီး ေက်ာင္းစတက္မယ္။ ႐ြာသားေတြက သူတို႔မသုံးေတာ့တဲ့ ခန္းမကိုသုံးခြင့္ေပးတယ္။ အခန္းက မိုးနဲ႔ အကာအနည္းငယ္ပဲရွိတယ္။ အေပၚပိုင္းကာဖို႔ မိုးကာေတြ ႐ြာသားေတြကေပးတယ္။ ထိုင္ခုံ၊ စာေရးကိရိယာေတြ၊ စာပြဲေတြေတာ့ ကိုယ့္ဘာသာစီစဥ္ရမယ္။ ေက်ာင္းသားမိဘေတြက ေတာထဲက ဝါးကိုခုတ္ၿပီး အခန္းကာဖို႔လုပ္ေနၾကတယ္။ သင္ၾကားမယ့္ဘာသာရပ္ေတြကေတာ့ သခ်ၤာ၊ အဂၤလိပ္၊ ျမန္မာ၊ ဟားခါးစာကိုသင္မယ္။ အခုက ဆရာ၊မေတြကပဲ ပုံႏွိပ္စာအုပ္ေတြရွိတယ္” လို႔ေျပာပါတယ္။
ယင္းစာသင္ေက်ာင္းတြင္ KG ကေန Grade 9 အထိသင္ၾကားမွာျဖစ္ၿပီးေ က်ာင္းသား ဦးေရ ၈၀ ေက်ာ္ရွိၿပီး ဆရာ၊မ ၁၁ ေယာက္ကသင္ၾကားေပးမွာျဖစ္ပါတယ္။ ဆရာ၊မေတြကေတာ့ ကိုယ္က်ိဳးစြန႔္ၿပီး ေက်ာင္းသားေတြကို သင္ၾကားေပးမွာျဖစ္ၿပီး အလႉရွင္ရွိရင္ တစ္လ ႐ူပီး ၅ေထာင္ႏႈန္းနဲ႔ခ်ီးျမႇင့္မယ္လို႔သိရတယ္။

စာသင္ခ်ိန္ကေတာ့ မနက္ပိုင္းမွာ မူလတန္းေက်ာင္းသားေတြသင္ၾကားၿပီး ညေနပိုင္းတြင္ အလယ္တန္းေက်ာင္းသားေတြကို သင္ၾကားမွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်