မီဇိုရမ်မှာ ကုလာတန်မြစ်ရေကြီးမှုကြောင့် ချင်းစစ်ဘေးရှောင် နေအိမ်(၁၈)လုံးပျက်စီး

၃၁၊ မေလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီဆွာကျေးရွာမှာ Cyclone Remal မုန်တိုင်း တိုက်ခိုက် တာကြောင့် ကုလာတန်မြစ်ရေကြီးမှုဖြစ်ပွားပြီး မြစ်ကမ်းနံဘေးရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းစစ်ဘေးရှောင် နေအိမ် (၁၈)လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

မေလ (၂၈) ရက်နေ့မှာ တိုက်ခိုက်တဲ့ Remal မုန်းတိုင်းကြောင့် ကုလာတန်မြစ်ရေကြီးမှု ဖြစ်ပွားပြီး ကာကီဆွာကျေးရွာရှိ မြန်မာစစ်ဘေးရှောင် နေအိမ် (၁၈) လုံးပျက်ဆီးသလို စာသင်ကျေင်း နဲ့ အိမ်သာ ၁၅ လုံး ရေထဲမြောသွားတာကြောင့် ရေဘေးသင့်သူ ၈၀ ကျော်ရှိနေပါတယ်။ စခန်းပျက်စီးသွားတဲ့ စစ်ဘေးရှောင် များ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

“၂၈ ရက်ကဖြစ်တဲ့ ကုလားတန်မြစ် ရေကြီးမှုကြောင့် လောင်တလိုင်ခရိုင် ကာကီဆွာကျေးရွာ မှာရှိတဲ့ ပလက်ဝ ချင်းစစ်ဘေးရှောင် နေအိမ် ၁၈ လုံးပျက်ဆီးသွားတယ်။ အဲဒီအနက် လုံးဝပျက်စီးသွားတဲ့ အိမ်ခြေက ၁၀ လုံး၊ အနည်းငယ်ပျက်စီးတာက ၈ လုံးဖြစ်တယ်။စာသင်ကျောင်း အမိုးအကာ အနည်းငယ်ပျက်စီးပြီးတော့ အိမ်သာ ၁၅ လုံးက ရေထဲပါသွားတယ်။ အခုလို ရေကြီးတာကြောင့် ရေဘေးသင့်သူ ၈၁ ဦး ရှိကာ လက်ရှိ အမိုးအကာ၊ဆန် နဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်နေတယ်”လို့ ပလက်ဝ မြို့နယ် IDPs စခန်းတာဝန်ခံ ကိုစိုးသန်းက Zalen ကိုပြောပါတယ်။

အဲ့ဒီ ချင်းစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု (၁၀၅)စု နဲ့ စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော် ရှိကာ တစ်နေ့ပြီးတစ်နေ့ စစ်ဘေးရှောင်တွေ ပိုပိုတိုးလာတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီစစ်ဘေးရှောင်စခန်းထဲမှာ ဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာ ကြောင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်ပြီးတော့ ကလေးတွေအပါအဝင် လူပေါင်း ၂၀ ဦး လောက် ဝမ်းပျက်သွားတယ်။ဖြစ်နိုင်ရင်ဆေးဝါး ထောက်ပံ့ပေးကြဖို့ပြောချင်တယ်” လို့ ကိုစိုးသန်းက ပြော ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင်လာသူ ၃၄၀၀၀ ကျော်ရှိတဲ့အနက် လောင်တလိုင်ခရိုင်အတွင်းမှာ ချင်းစစ်ဘေးရှောင် ၃၅၀၀ ကျော်ခိုလှုံနေထိုင် လျက် ရှိတယ် လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်