မုံရွာမြို့ရှိ အမှတ် ၂ စစ်ဆေးရုံက ဗိုလ်ကြီးတစ်ဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့

ချစ်ခြင်းနွေ/ ၂၉၊ စက်တင်ဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေထိုင်တဲ့  အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံက ဗိုလ်ကြီး တစ်ဦးကို BlackFalcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က စက်တင်ဘာ ၄ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့  BlackFalcon Guerrilla Forces အဖွဲ့က စက်တင်ဘာ ၂၉ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မုံရွာမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေထိုင်တဲ့ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

အဖမ်းခံရတဲ့ ဗိုလ်ကြီးဆိုသူဟာ တိုက်ပွဲ‌ တွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားကို အဓိက ကုသပေးနေသူဖြစ်တာကြောင့်  အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” သူနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာပဲ ဝင်ဖမ်းခဲ့တာပါ။ ဖမ်းဆီးရမိတာနဲ့ တရားခံကို ဆက်စပ်ပစ္စည်းတွေနဲ့ မြို့နယ် ပ.က.ဖ ကိုလွှဲပြောင်း ပေးပြီးပါပြီ။ ရိုက်နှက် စစ်ဆေးတာမျိုးတော့ မရှိဘူး” လို့ BlackFalcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

 စစ်ဆေးရုံက ဗိုလ်ကြီးနဲ့ အတူ ဟွန်ဒိုင်း အမျိုးစား အိမ်စီးကား တစ်စီး ၊ လက်ကိုင်ဖုန်း နှစ်လုံး နဲ့ လက်ပ်တော့ တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်တပ်က လုံခြုံရေး အပြည့် ချထားပေမယ့် လုံခြုံမူမရှိကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေလည်း အနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းပေးကြဖို့  BlackFalcon Guerrilla Forces  သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်