မြန်မာစစ်ဘေးရှောင်များအတွက် အခမဲ့ အပ်ချုပ်သင်တန်း Eldora Tailoring Centre ဖွင့်လှစ်

မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာတွင် မြန်မာစစ်ဘေးရှောင်များအတွက် အခမဲ့အပ်ချုပ်သင်တန်း Eldora Tailoring Centre ကို မနေ့ ဩဂုတ် ၇ ရက်ကဖွင့်လှစ်ခဲ့တယ်လို့သိရတယ်။  

လက်ရှိ သင်တန်းသား ၁၀ ဦးသင်ကြားပေးလျက်ရှိပြီး ၅လကြာ အခြေခံအပ်ချုပ်နည်းသင်ကြားပေးမှာဖြစ်ပါတယ်။ အမေရိကန်မှာနေထိုင်တဲ့ ကိုဆန်သဲက အပ်ချုပ်သင်တန်းအခမဲ့သင်ကြားပေးတဲ့အပြင် အပ်ချုပ်စက် ၃လုံးလည်း လက်ဆောင်ပေးခဲ့တယ်လို့သိရတယ်။

ယင်းသင်တန်းကျောင်းဦးစီးဖွင့်လှစ် မိုင် J Sharon က “ဒီသင်တန်းက ကိုယ်ထူကိုယ်ထဖွင့်လှစ်တာဖြစ်ပါတယ်။ ၅လသင်ကြားပြီးရင် နောက်ထပ် ၅ လကိုသူတို့က သင်တန်းသားသစ်တွေပြန်သင်ပြမယ်။ သင်တန်းစဖွင့်တာက ဧပြီလကစပြီးတော့ အခုကတော့ ကျောင်းဆောင်သစ်ဖွင့်လှစ်တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီဇိုင်းနာတွေခေါ်ပြီးတော့ Sunday dress ချုပ်နည်းတွေပြန်သင်ပေးမယ်။ အခုတော့ ကျောင်းဝတ်စုံတွေ စချုပ်နေပြီ” လို့ပြောပါတယ်။

သင်တန်းအတွက်လိုအပ်တဲ့ ကပ်ကြေး၊ ပိတ်စ ကအစ သင်တန်းကျောင်း ကထောက်ပံ့ပေးပြီး စစ်ဘေးရှောင်စခန်းက အမျိုးသမီး ၈ ဦးနဲ့ ဇိုခေါ်သာရ်ရွာသူ ၂ ဦးတို့သင်တန်းတက်ရောက်လျက်ရှိပါတယ်။

ဇိုခေါ်သာရ်ကျေးရွာဟာ မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်တဲ့ရွာဖြစ်ပြီး လူဦးရေ သုံးထောင်ကျော်နေထိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်