မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆
Zalen

အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မုန်းညင်းရွက်အိတ် ၃ အိတ်ထဲကနေ ဆပ်ပြာဗူး ၃၉ ဗူး၊ အလေးချိန်အားဖြင့် ၄၆၈ ဂရမ်ရှိတဲ့ ဘိန်းဖြူ များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယင်းဘိန်းဖြူများက နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၉,၃၆၀,၀၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Zalen ad

အလားတူ မြန်မာဘက်ကနေ ဝင်လာတဲ့ ကုန်စိမ်းအိတ်များအနက် မျောက်ငိုသီးများထည့်ထားတဲ့ အိတ်ကိုထပ်မံ စစ်ဆေးခဲ့ရာ မက်တမ်ဖက်တမင်း စိတ်ကြွဆေးပြား အလုံးရေ ၉၀,၉၀၀ ကိုထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စိတ်ကြွဆေးများဟာ အလေးချိန်အားဖြင့် ၁၀.၈၁၈ ကီလိုဂရမ်အလေးချိန်ရှိပြီး ရူပီး သိန်းပေါင်း ၁၄၀ ကျော်တန်ဖိုးရှိတယ်လို့သိရပါတယ်။

ယင်းမူးယစ်ဆေးဝါးများနဲ့ ပတ်သက်ဆက်နွယ်သူကို ယနေ့အချိန်ထိဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ဆက်လက် စုံစမ်း နေတယ်လို့သိရပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#အိန္ဒိယ#မြန်မာ#နယ်စပ်#မူးယစ်ဆေး#Zalen

နောက်ဆုံးရသတင်းများ

ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆ Zalen ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ...

ဆက်ဖတ်ရန်