မြန်မာ စစ်အာဏာရှင်တွေ လူထုကို ဆွဲဆောင်ဖို့ အသုံးပြုလာကြတဲ့ ဝါဒဖြန့်နည်းများ

မောင်သွေးသောက်

ဝါဒဖြန့်ချီတဲ့ နည်းပေါင်းစုံ ရှိတဲ့ အများစုက အမေရိကန်နည်းနဲ့ ဆိုဗီယက် ရုရှားနည်းတွေကို သိကြတာ များတယ်။

မည်သို့ပင်ဆိုစေကာမူ မည်သည့်ဝါဒဖြန့်တဲ့ နည်းမဆို မီဒီယာကို အားကိုးခဲ့ကြရသည်ချည်းသာပါ။ မီဒီယာများသည်ပင် အမှန်တရားဘက်တော်သား ဆိုသည့်တိုင် လက်ကိုင်တုက်သဖွယ် အသုံးချခံရတာ ယနေ့ထက်ထိတိုင်ပါ။

မြန်မာမှာလည်း ဝါဒဖြန့်ချီတဲ့ နည်း (၂)မျိုး သုံးလေ့ရှိကြတယ်။ အမေရိကန်နည်းနဲ့ ဆိုဗီယက် ရုရှားနည်းတွေပါ။

ဆိုဗီယက်ရုရှားတွေရဲ့ ဝါဒဖြန့်ချီမှုက အခုခေတ်ကြမှ သုံးနေကြတာမဟုက်ပဲ ရှေးယခင်အာဆီယံဒေသမှာ ကွန်မြူနစ်ဝါဒကြီးစိုးခဲ့စဉ်ကတည်းက နာမည်ကျော်ကြားလူကြိုက်များပြီးသားပါ။ မြန်မာစစ်တပ်အဆက်ဆက်ဟာလည်း ရုရှားဆီမှာ ပညာသင်ကြားကြတာမို့ ထိုဝါဒဖြန့်တဲ့ နည်းကို အသုံးပြုကြတယ်။

ဆီုဗီယက်ရုရှားတွေရဲ့ ဝါဒဖြန့်ချီတဲ့နည်းက လူတွေကို စဉ်းစားခွင့် တွေးတောခွင့် ပေးတာ နည်းပြီး ၎င်းတို့ဖြစ်စေချင်တဲ့ အကြောင်းအရာတွေကို အတုံးလိုက် အတစ်လိုက်ပေးတာမျိုးပါ။ ဆိုဗီယက်တွေရဲ့ အယူအဆအရ ဝါဒဖြန့်ချီရာမှာ ပြောင်ပြောင် တင်းတင်း ဖြန့်ချီတာမျိုးကို လုပ်လေ့ရှိတယ်။ ဒီလို ဝါဒဖြန့်ချီတဲ့ နည်းဟာ ဖွံဖြိုးဆဲ နိုင်ငံတွေမှာ အလွန်ထိရောက်တဲ့ နည်းလို့ ဆိုတယ်။

ဥပမာ “လျှပ်စစ်ရထား မောင်းနှင်မယ် ဆိုရင် ဘာကြောင့် မောင်းသင့်တယ်။ ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အား က ဘယ်လောက်ထိ ရှိမယ်။တန်ဖိုးဘယ်လောက်ကုန်မယ်၊ အချိန်ကာလ ဘယ်လောက်မှ ဖြစ်နိုင်မယ်” ဆိုတာတွေ မပြောပါဘူး။ သူတို့က အခုချက်ချင်းပဲ “လျှပ်စစ်ရထားပြေးဆွဲတော့မယ်” ဆိုတာမျိုးပဲ တဲ့တိုး ပြောတာပါ။ ဆိုတော့ သာမန်ပြည်သူတွေဟာ အရှည်ကြီး မတွေးကြတော့ပဲ “အော် ငါတို့နိုင်ငံ လျှပ်စစ်ရထားစီမံကိန်း လုပ်မှာပါလား” လို့ပဲ ယူဆကြတော့တယ်။ ဘယ်တော့ စမယ်။ဘယ်လောက်ကုန်မယ် ဆိုတာ မတွေးကြတော့။ တွေးစရာလည်း မလို လို့ ယူဆကြတော့တယ်။

ဒီလိုမျိုး အတုံးလိုက်အတစ်လိုက် ပေါ်ပေါ်ထင်ထင် ဝါဒဖြန့်တဲ့နည်းကို သုံးကြရာမှာ ပညာတက်နည်းပါးတဲ့ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုထိရောက်ပြီး လူတွေ ပိုယုံတယ် လို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေ ရှိခြင်း၊ မရှိခြင်းထက် ဒါကြီးရောက်လာမှာပါလား ဆိုတာမျိုး လူတွေ ဦးနှောက်ထဲ မှတ်သွားစေတာမျိုးပေါ့။ တကယ်တမ်းဖြစ်လာဖို့က ဆယ်စုနှစ်ချီ ကြာချင် ကြာမယ်။ သို့သော် လူတွေကို အကောင်းမြင်သွားစေပါတယ်။ စာဖတ်သူတွေကို စဉ်းစားခွင့်ပေးတာတွေဟာ အလုပ်မဖြစ်ပဲ ဖွံဖြိုးဆဲနိုင်ငံတွေက လူအများစုသည် နိုင်ငံရေးအတွေ့အကြုံမရှိခြင်း နဲ့ ခက်ခက်ခဲခဲ မစဉ်းစားတက်ခြင်းတို့ကြောင့်လို့ ဆိုတယ်။

ဆိုဗီယက်တွေ သုံးတဲ့ နည်းက လူမှုရေးပြသာနာတွေကို ရှင်းလင်းလွယ်ကူတဲ့ တဲ့တိုးအဖြေပေးပါတယ်။ ခက်ခက်ခဲခဲစဉ်းစားစရာမလိုတဲ့ အဖြေမျိုးကို လူတွေ ကြိုက်တာမို့ ဒါမျိုးတွေကို တဲ့တိုး‌အ‌ဖြေပေးပါတယ်။

ဒီနည်းကို မြန်မာပြည်မှာတော့ “လူပြိန်းကြိုက်ဝါဒဖြန့်နည်း” လို့ သုံးပါတယ်။ ဒီလို လူပြိန်းကြိုက်နည်းတွေကို မြန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်တွေ အတော်များများ အသုံးချကြပါတယ်။NLD ပါတီကို နှိပ်ကွပ်ရာမှာလည်း အတော်သုံးကြပါတယ်။

တချို့က Social media ပေါ်ကနေ တဆင့် အသုံးချကြတာ ရှိပါတယ်။ အထင်ရှားဆုံးကတော့ အစိုးရမီဒီယာတွေက ဒီနည်းလမ်းပုံစံနဲ့ သွားကြပါတယ်။

ပညာတက်သူ၊ အတွေးအခေါ်အယူအဆ အားကောင်းတဲ့ နိုင်ငံတွေမှာ အလုပ်ဖြစ်နိုင်ခြေနည်းပေမယ့် ပညာတက်နည်းပါးပြီး ဖွံဖြိုးဆဲနိုင်ငံတွေ ၊အာဏာရှင်တွေ အုပ်စိုးတဲ့ နိုင်ငံတွေမှာ ဒီဝါဒဖြန့်တဲ့ နည်းတွေဟာ တော်တော်အောင်မြင်ပါတယ်။ ပြန်လည်ဝေဖန်ခွင့်လည်း မရှိသလို ဝေဖန်ရင်လည်း ဖမ်းဆီးပါတယ်။

လူပြိန်းကြိုက် နည်းနဲ့ ပြောတဲ့ အကြောင်းအရာအများစုသည် မအောင်မြင်သော်လည်း မစားရဝခမန်း အပြောတွေကြောင့် အရှိတရားထက် ပိုလူကြိုက်များပါတယ်။ဒီနည်းက မြန်မာတွေ အနေအထားနဲ့ကိုက်ပြီး လူကြိုက်များလေ့ရှိပါတယ်။

“နဂါးနီသီချင်း” ဘာလို့ အောင်မြင်ကျော်ကြားရလဲဆိုတာ ဒီအဓိပ္ပါယ်ပေါက်စေပါတယ်။

ချက်ချင်းဝုန်းဒိုင်းဆို တိုးတက်သွားတာမျိုး၊ မှော်ပညာနဲ့ ဖန်ဆင်းလိုက်သလို ဝုန်းခနဲ့ ချမ်းသာသွားတာမျိုး ကို လူတွေ အထင်ကြီး သဘောကျတက်ပါတယ်။
ကျွန်တော်တို့ နဲ့ ယခင်က တန်းတူ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ အခုဆို အလွန်အင်မတန်တိုးတက်နေပြီ ဖြစ်ပါတယ်။ ကွန်မြူနစ်အစိုးရတစ်ရပ်ဖြစ်ပေမယ့် လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေကြောင့် တိုင်းပြည်က တိုးတက်လာတာပါ။ ဗီယက်နမ်နိုင်ငံဟာ ဝုန်းခနဲ့ တစ်နှစ် နှစ်နှစ်အတွင်း တိုးတက်သွားခဲ့တာ မဟုက်ဘူး။ သူတို့ နိုင်ငံကြီး တိုးတက်ပြောင်းလဲဖို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာ တချို့ကဏ္ဍဆို နှစ်(၃၀)ကျော် ကြာတယ်။တစ်ချို့ဆို နှစ်(၂၀)နီးပါး၊တစ်ချို့က (၁၀)နှစ်ကျော်ကြာ အချိန်ပေးပြီး တဖြေးဖြေးတိုးတက်လာတာပါ။

ဒီလို ပြောင်းလဲဖို့အတွက် မူဝါဒပိုင်းဆိုင်ရာသာမက လက်‌တွေ့ကျင့်သုံးဆောင်ရွက်ရာမှာလည်း အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရတာပါ။ ယနေ့ ကျွန်တော်တို့က သူတို့ အောင်မြင်ကျော်ဖြတ်သွားတာကိုပဲ မြင်တယ်။ သူတို့ ကြိုးစားရုန်းကန်ရတာကိုတော့ မမြင်ကြဘူးကို။

သူတို့ ရုန်းကန်မှုသည် နှုက်နဲ့ ဘာကြီးလုပ်မယ် ဘာတွေ ဖန်တီးမယ် လို့ ပြောသွားတာ မဟုက်ပဲ နည်းဗျူဟာကျကျ စီမံကိန်းတွေ သေချာရေးဆွဲပြီး အကောင်အထည်ဖော်သွားတာ ဖြစ်တယ်။ လက်ရှိ ဒီနိုင်ငံမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း အချက်အလက်မရှိ၊ စီမံကိန်းမရှိ၊ မဟာဗျူဟာမရှိပဲ လက်တွေ့မကျတဲ့ အပြောအဆိုတွေ ပြောနေတာ တွေ့ရတယ်။

ဒါဟာ ရှေးခေတ် ဆိုဗီယက်ရုရှားတွေ သုံးတဲ့ လူပြိန်းကြိုက် ဟောပြောနည်းကို ကျင့်သုံးနေတာပါ။ ဝါဒဖြန့်ချီရာမှာ လူတွေ မီဒီယာတွေ စိတ်ဝင်စားစေမယ့် အသုံးအနှုန်းတွေ သုံးပြီး သဘောကျစေမယ့် စကားလုံးတွေ ပြောဆိုနေတာမျိုးတွေဟာ လက်တွေ့မှာ အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းသည့်တိုင် အပြောမှာတော့ အောင်မြင်လေ့ရှိပါတယ်။

ဒီမိုကရေစီခေတ်မှာတော့ လူပြိန်းကြိုက်နည်းတွေကို ဝေဖန်နိုင် အမှားတွေ ထောက်ပြနိုင်ပေမယ့် စစ်အစိုးရခေတ်မှာတော့ ဒါမျိုးဟာ ကန့်သတ်ထားပါတယ်။

ဆိုဗီယက်တို့ဟာ ရှေးယခင်ကာလတွေတုန်းက အရှေ့တောင်အာရှ‌နိုင်ငံတွေမှာ ကွန်မြူနစ်ဝါဒ အားကောင်းတာကြောင့် ဝါဒဖြန့်တဲ့နည်းကို ကျယ်ကျယ်လောင်အသုံးပြုပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆီုဗီယက်သံရုံးကနေတဆင့် ဝါဒဖြန့်ပါတယ်။သံရုံးကနေ စာစောင်တွေ သတင်းတွေဖြန့်တဲ့ အပြင် မီဒီယာတွေကိုလည်း ငွေကြေးပေးပြီး သတင်းတွေ ဖော်ပြဝါဒဖြန့်ပါတယ်။

ဘယ်လောက်ထိအောင်မြင်လဲဆိုရင် မြန်မာနိုင်ငံ ပုဂ္ဂလိက မီဒီယာတွေသာမက အစိုးရမီဒီယာတွေအထိ ဖော်ပြခွင့် ရခဲ့သလို ထိုခေတ်က လူငယ်အများစုပါ ကွန်မြူနစ်ဝါဒအကြောင်းကို ဖောဖော်သီသီ သိခွင့်ရခဲ့ကြတယ်။ အထင်ကြီး လေးစားအားကျကြတယ် လို့ စာအုပ်တွေမှာ ဖော်ပြထားပါတယ်။

ဆိုတော့ ဖွံဖြိုးဆဲတိုင်းပြည်လို နေရာမျိုးမှာ ဝေဖန်သူ မရှိတဲ့ အပြောတွေဟာ လူကြိုက်များတာ မဆန်းပါဘူး။ လူအများစုဟာ ဝေဖန်တာ နည်းရင် အောင်မြင်တယ် လို့ ယူဆကြပြီး လက်တွေ့ အခြေအနေကို သုံးသပ်နိုင်စွမ်းနည်းပါတယ်။ အထူးသဖြင့် ၎င်းတို့ နှစ်သက်သဘောကျ ထောက်ခံအားပေးသူက ပြောရင် မျက်စိမှိက်ယုံသွားတာမျိုးပါ။ ဒါမျိုးကို ပညာတက် အတွေးအခေါ်အမျော်အမြင်ရှိသူ ခေါင်းဆောင်တွေက မျော်လင့်ချက်ပေးလေ့မရှိပါဘူး။

သို့သော် လူတွေအယုံလွယ်တဲ့ အားနည်းချက်ကို အသုံးချပြီး မိမိနေရာ ရယူလိုသူတွေအတွက်က လူပြိန်းကြိုက်ဝါဒဖြန့်နည်းဟာ အသုံးချစရာ နေရာကောင်း ဖြစ်နေတယ် ဆိုတာ တင်ပြရင်း ….

Zawgyi

ျမန္မာ စစ္အာဏာရွင္ေတြ လူထုကို ဆြဲေဆာင္ဖို႔ အသုံးျပဳလာၾကတဲ့ ဝါဒျဖန႔္နည္းမ်ား

ေမာင္ေသြးေသာက္

ဝါဒျဖန႔္ခ်ီတဲ့ နည္းေပါင္းစုံ ရွိတဲ့ အမ်ားစုက အေမရိကန္နည္းနဲ႔ ဆိုဗီယက္ ႐ုရွားနည္းေတြကို သိၾကတာ မ်ားတယ္။

မည္သို႔ပင္ဆိုေစကာမူ မည္သည့္ဝါဒျဖန႔္တဲ့ နည္းမဆို မီဒီယာကို အားကိုးခဲ့ၾကရသည္ခ်ည္းသာပါ။ မီဒီယာမ်ားသည္ပင္ အမွန္တရားဘက္ေတာ္သား ဆိုသည့္တိုင္ လက္ကိုင္တုက္သဖြယ္ အသုံးခ်ခံရတာ ယေန႔ထက္ထိတိုင္ပါ။

ျမန္မာမွာလည္း ဝါဒျဖန႔္ခ်ီတဲ့ နည္း (၂)မ်ိဳး သုံးေလ့ရွိၾကတယ္။ အေမရိကန္နည္းနဲ႔ ဆိုဗီယက္ ႐ုရွားနည္းေတြပါ။

ဆိုဗီယက္႐ုရွားေတြရဲ့ ဝါဒျဖန႔္ခ်ီမႈက အခုေခတ္ၾကမွ သုံးေနၾကတာမဟုက္ပဲ ေရွးယခင္အာဆီယံေဒသမွာ ကြန္ျမဴနစ္ဝါဒႀကီးစိုးခဲ့စဥ္ကတည္းက နာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားၿပီးသားပါ။ ျမန္မာစစ္တပ္အဆက္ဆက္ဟာလည္း ႐ုရွားဆီမွာ ပညာသင္ၾကားၾကတာမို႔ ထိုဝါဒျဖန႔္တဲ့ နည္းကို အသုံးျပဳၾကတယ္။

ဆီုဗီယက္႐ုရွားေတြရဲ့ ဝါဒျဖန႔္ခ်ီတဲ့နည္းက လူေတြကို စဥ္းစားခြင့္ ေတြးေတာခြင့္ ေပးတာ နည္းၿပီး ၎တို႔ျဖစ္ေစခ်င္တဲ့ အေၾကာင္းအရာေတြကို အတုံးလိုက္ အတစ္လိုက္ေပးတာမ်ိဳးပါ။ ဆိုဗီယက္ေတြရဲ့ အယူအဆအရ ဝါဒျဖန႔္ခ်ီရာမွာ ေျပာင္ေျပာင္ တင္းတင္း ျဖန႔္ခ်ီတာမ်ိဳးကို လုပ္ေလ့ရွိတယ္။ ဒီလို ဝါဒျဖန႔္ခ်ီတဲ့ နည္းဟာ ဖြံၿဖိဳးဆဲ နိုင္ငံေတြမွာ အလြန္ထိေရာက္တဲ့ နည္းလို႔ ဆိုတယ္။

ဥပမာ “လၽွပ္စစ္ရထား ေမာင္းႏွင္မယ္ ဆိုရင္ ဘာေၾကာင့္ ေမာင္းသင့္တယ္။ ျပည္တြင္းမွာ လၽွပ္စစ္ဓါတ္အား က ဘယ္ေလာက္ထိ ရွိမယ္။တန္ဖိုးဘယ္ေလာက္ကုန္မယ္၊ အခ်ိန္ကာလ ဘယ္ေလာက္မွ ျဖစ္နိုင္မယ္” ဆိုတာေတြ မေျပာပါဘူး။ သူတို႔က အခုခ်က္ခ်င္းပဲ “လၽွပ္စစ္ရထားေျပးဆြဲေတာ့မယ္” ဆိုတာမ်ိဳးပဲ တဲ့တိုး ေျပာတာပါ။ ဆိုေတာ့ သာမန္ျပည္သူေတြဟာ အရွည္ႀကီး မေတြးၾကေတာ့ပဲ “ေအာ္ ငါတို႔နိုင္ငံ လၽွပ္စစ္ရထားစီမံကိန္း လုပ္မွာပါလား” လို႔ပဲ ယူဆၾကေတာ့တယ္။ ဘယ္ေတာ့ စမယ္။ဘယ္ေလာက္ကုန္မယ္ ဆိုတာ မေတြးၾကေတာ့။ ေတြးစရာလည္း မလို လို႔ ယူဆၾကေတာ့တယ္။

ဒီလိုမ်ိဳး အတုံးလိုက္အတစ္လိုက္ ေပၚေပၚထင္ထင္ ဝါဒျဖန႔္တဲ့နည္းကို သုံးၾကရာမွာ ပညာတက္နည္းပါးတဲ့ ဖြံၿဖိဳးဆဲနိုင္ငံေတြမွာ ပိုထိေရာက္ၿပီး လူေတြ ပိုယုံတယ္ လို႔ ဆိုပါတယ္။

ျဖစ္နိုင္ေၿခ ရွိျခင္း၊ မရွိျခင္းထက္ ဒါႀကီးေရာက္လာမွာပါလား ဆိုတာမ်ိဳး လူေတြ ဦးေႏွာက္ထဲ မွတ္သြားေစတာမ်ိဳးေပါ့။ တကယ္တမ္းျဖစ္လာဖို႔က ဆယ္စုႏွစ္ခ်ီ ၾကာခ်င္ ၾကာမယ္။ သို႔ေသာ္ လူေတြကို အေကာင္းျမင္သြားေစပါတယ္။ စာဖတ္သူေတြကို စဥ္းစားခြင့္ေပးတာေတြဟာ အလုပ္မျဖစ္ပဲ ဖြံၿဖိဳးဆဲနိုင္ငံေတြက လူအမ်ားစုသည္ နိုင္ငံေရးအေတြ႕အၾကဳံမရွိျခင္း နဲ႔ ခက္ခက္ခဲခဲ မစဥ္းစားတက္ျခင္းတို႔ေၾကာင့္လို႔ ဆိုတယ္။

ဆိုဗီယက္ေတြ သုံးတဲ့ နည္းက လူမႈေရးျပသာနာေတြကို ရွင္းလင္းလြယ္ကူတဲ့ တဲ့တိုးအေျဖေပးပါတယ္။ ခက္ခက္ခဲခဲစဥ္းစားစရာမလိုတဲ့ အေျဖမ်ိဳးကို လူေတြ ႀကိဳက္တာမို႔ ဒါမ်ိဳးေတြကို တဲ့တိုး‌အ‌ေျဖေပးပါတယ္။

ဒီနည္းကို ျမန္မာျပည္မွာေတာ့ “လူၿပိန္းႀကိဳက္ဝါဒျဖန႔္နည္း” လို႔ သုံးပါတယ္။ ဒီလို လူၿပိန္းႀကိဳက္နည္းေတြကို ျမန္မာနိုင္ငံမွာ ဘာသာေရးအစြန္းေရာက္ေတြ အေတာ္မ်ားမ်ား အသုံးခ်ၾကပါတယ္။NLD ပါတီကို ႏွိပ္ကြပ္ရာမွာလည္း အေတာ္သုံးၾကပါတယ္။

တခ်ိဳ႕က Social media ေပၚကေန တဆင့္ အသုံးခ်ၾကတာ ရွိပါတယ္။ အထင္ရွားဆုံးကေတာ့ အစိုးရမီဒီယာေတြက ဒီနည္းလမ္းပုံစံနဲ႔ သြားၾကပါတယ္။

ပညာတက္သူ၊ အေတြးအေခၚအယူအဆ အားေကာင္းတဲ့ နိုင္ငံေတြမွာ အလုပ္ျဖစ္နိုင္ေျခနည္းေပမယ့္ ပညာတက္နည္းပါးၿပီး ဖြံၿဖိဳးဆဲနိုင္ငံေတြ ၊အာဏာရွင္ေတြ အုပ္စိုးတဲ့ နိုင္ငံေတြမွာ ဒီဝါဒျဖန႔္တဲ့ နည္းေတြဟာ ေတာ္ေတာ္ေအာင္ျမင္ပါတယ္။ ျပန္လည္ေဝဖန္ခြင့္လည္း မရွိသလို ေဝဖန္ရင္လည္း ဖမ္းဆီးပါတယ္။

လူၿပိန္းႀကိဳက္ နည္းနဲ႔ ေျပာတဲ့ အေၾကာင္းအရာအမ်ားစုသည္ မေအာင္ျမင္ေသာ္လည္း မစားရဝခမန္း အေျပာေတြေၾကာင့္ အရွိတရားထက္ ပိုလူႀကိဳက္မ်ားပါတယ္။ဒီနည္းက ျမန္မာေတြ အေနအထားနဲ႔ကိုက္ၿပီး လူႀကိဳက္မ်ားေလ့ရွိပါတယ္။

“နဂါးနီသီခ်င္း” ဘာလို႔ ေအာင္ျမင္ေက်ာ္ၾကားရလဲဆိုတာ ဒီအဓိပၸါယ္ေပါက္ေစပါတယ္။

ခ်က္ခ်င္းဝုန္းဒိုင္းဆို တိုးတက္သြားတာမ်ိဳး၊ ေမွာ္ပညာနဲ႔ ဖန္ဆင္းလိုက္သလို ဝုန္းခနဲ႔ ခ်မ္းသာသြားတာမ်ိဳး ကို လူေတြ အထင္ႀကီး သေဘာက်တက္ပါတယ္။
ကၽြန္ေတာ္တို႔ နဲ႔ ယခင္က တန္းတူ ျဖစ္တဲ့ ဗီယက္နမ္နိုင္ငံဟာ အခုဆို အလြန္အင္မတန္တိုးတက္ေနၿပီ ျဖစ္ပါတယ္။ ကြန္ျမဴနစ္အစိုးရတစ္ရပ္ျဖစ္ေပမယ့္ လက္ေတြ႕က်တဲ့ ေဆာင္ရြက္မႈေတြေၾကာင့္ တိုင္းျပည္က တိုးတက္လာတာပါ။ ဗီယက္နမ္နိုင္ငံဟာ ဝုန္းခနဲ႔ တစ္ႏွစ္ ႏွစ္ႏွစ္အတြင္း တိုးတက္သြားခဲ့တာ မဟုက္ဘူး။ သူတို႔ နိုင္ငံႀကီး တိုးတက္ေျပာင္းလဲဖို႔ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ရမွာ တခ်ိဳ႕က႑ဆို ႏွစ္(၃၀)ေက်ာ္ ၾကာတယ္။တစ္ခ်ိဳ႕ဆို ႏွစ္(၂၀)နီးပါး၊တစ္ခ်ိဳ႕က (၁၀)ႏွစ္ေက်ာ္ၾကာ အခ်ိန္ေပးၿပီး တေျဖးေျဖးတိုးတက္လာတာပါ။

ဒီလို ေျပာင္းလဲဖို႔အတြက္ မူဝါဒပိုင္းဆိုင္ရာသာမက လက္‌ေတြ႕က်င့္သုံးေဆာင္ရြက္ရာမွာလည္း အခက္အခဲေတြ အမ်ားႀကီး ေက်ာ္ျဖတ္ရတာပါ။ ယေန႔ ကၽြန္ေတာ္တို႔က သူတို႔ ေအာင္ျမင္ေက်ာ္ျဖတ္သြားတာကိုပဲ ျမင္တယ္။ သူတို႔ ႀကိဳးစား႐ုန္းကန္ရတာကိုေတာ့ မျမင္ၾကဘူးကို။

သူတို႔ ႐ုန္းကန္မႈသည္ ႏႈက္နဲ႔ ဘာႀကီးလုပ္မယ္ ဘာေတြ ဖန္တီးမယ္ လို႔ ေျပာသြားတာ မဟုက္ပဲ နည္းဗ်ဴဟာက်က် စီမံကိန္းေတြ ေသခ်ာေရးဆြဲၿပီး အေကာင္အထည္ေဖာ္သြားတာ ျဖစ္တယ္။ လက္ရွိ ဒီနိုင္ငံမွာေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း အခ်က္အလက္မရွိ၊ စီမံကိန္းမရွိ၊ မဟာဗ်ဴဟာမရွိပဲ လက္ေတြ႕မက်တဲ့ အေျပာအဆိုေတြ ေျပာေနတာ ေတြ႕ရတယ္။

ဒါဟာ ေရွးေခတ္ ဆိုဗီယက္႐ုရွားေတြ သုံးတဲ့ လူၿပိန္းႀကိဳက္ ေဟာေျပာနည္းကို က်င့္သုံးေနတာပါ။ ဝါဒျဖန႔္ခ်ီရာမွာ လူေတြ မီဒီယာေတြ စိတ္ဝင္စားေစမယ့္ အသုံးအႏႈန္းေတြ သုံးၿပီး သေဘာက်ေစမယ့္ စကားလုံးေတြ ေျပာဆိုေနတာမ်ိဳးေတြဟာ လက္ေတြ႕မွာ ေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္း နည္းသည့္တိုင္ အေျပာမွာေတာ့ ေအာင္ျမင္ေလ့ရွိပါတယ္။

ဒီမိုကေရစီေခတ္မွာေတာ့ လူၿပိန္းႀကိဳက္နည္းေတြကို ေဝဖန္နိုင္ အမွားေတြ ေထာက္ျပနိုင္ေပမယ့္ စစ္အစုိးရေခတ္မွာေတာ့ ဒါမ်ိဳးဟာ ကန႔္သတ္ထားပါတယ္။

ဆိုဗီယက္တို႔ဟာ ေရွးယခင္ကာလေတြတုန္းက အေရွ႕ေတာင္အာရွ‌နိုင္ငံေတြမွာ ကြန္ျမဴနစ္ဝါဒ အားေကာင္းတာေၾကာင့္ ဝါဒျဖန႔္တဲ့နည္းကို က်ယ္က်ယ္ေလာင္အသုံးျပဳပါတယ္။ ျမန္မာနိုင္ငံမွာလည္း ဆီုဗီယက္သံ႐ုံးကေနတဆင့္ ဝါဒျဖန႔္ပါတယ္။သံ႐ုံးကေန စာေစာင္ေတြ သတင္းေတြျဖန႔္တဲ့ အျပင္ မီဒီယာေတြကိုလည္း ေငြေၾကးေပးၿပီး သတင္းေတြ ေဖာ္ျပဝါဒျဖန႔္ပါတယ္။

ဘယ္ေလာက္ထိေအာင္ျမင္လဲဆိုရင္ ျမန္မာနိုင္ငံ ပုဂၢလိက မီဒီယာေတြသာမက အစိုးရမီဒီယာေတြအထိ ေဖာ္ျပခြင့္ ရခဲ့သလို ထိုေခတ္က လူငယ္အမ်ားစုပါ ကြန္ျမဴနစ္ဝါဒအေၾကာင္းကို ေဖာေဖာ္သီသီ သိခြင့္ရခဲ့ၾကတယ္။ အထင္ႀကီး ေလးစားအားက်ၾကတယ္ လို႔ စာအုပ္ေတြမွာ ေဖာ္ျပထားပါတယ္။

ဆိုေတာ့ ဖြံၿဖိဳးဆဲတိုင္းျပည္လို ေနရာမ်ိဳးမွာ ေဝဖန္သူ မရွိတဲ့ အေျပာေတြဟာ လူႀကိဳက္မ်ားတာ မဆန္းပါဘူး။ လူအမ်ားစုဟာ ေဝဖန္တာ နည္းရင္ ေအာင္ျမင္တယ္ လို႔ ယူဆၾကၿပီး လက္ေတြ႕ အေျခအေနကို သုံးသပ္နိုင္စြမ္းနည္းပါတယ္။ အထူးသျဖင့္ ၎တို႔ ႏွစ္သက္သေဘာက် ေထာက္ခံအားေပးသူက ေျပာရင္ မ်က္စိမွိက္ယုံသြားတာမ်ိဳးပါ။ ဒါမ်ိဳးကို ပညာတက္ အေတြးအေခၚအေမ်ာ္အျမင္ရွိသူ ေခါင္းေဆာင္ေတြက ေမ်ာ္လင့္ခ်က္ေပးေလ့မရွိပါဘူး။

သို႔ေသာ္ လူေတြအယုံလြယ္တဲ့ အားနည္းခ်က္ကို အသုံးခ်ၿပီး မိမိေနရာ ရယူလိုသူေတြအတြက္က လူၿပိန္းႀကိဳက္ဝါဒျဖန႔္နည္းဟာ အသုံးခ်စရာ ေနရာေကာင္း ျဖစ္ေနတယ္ ဆိုတာ တင္ျပရင္း ….

နောက်ဆုံးရသတင်းများ