မြို့သိမ်းတိုက်ပွဲများ အရှိန်မြှင့်လာမှုကြောင့် ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သား၊ ရဲ ၊ပျူစောထီးများ မှ ခံစစ်ပြင်ဆင်

၁၄ ၊ဇွန် ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသ၊ဂန်းဂေါခရိုင်၊ထီးလင်းမြို့ပေါ် ရွှေထီးခန်းမ ရှိအကြမ်းဖက်စစ်ကောင်စီတပ်သား၊ရဲ၊ပျူစောထီး အင်အား ၃၀၀ ခန့်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်တင်လာမှုကြောင့် မြို့ပေါ်နဲ့ မြို့ပတ်ပတ်လည်ကို ကတုတ်ကျင်း၊ဘန်ကာတွေ ဆောက်လုပ်ပြီး ခံစစ်ပြင်ဆင်မှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။

ထီးလင်းမြို့အရှေ့ဘက် မြန်မာ့ရုပ်မြင်သံကြားရုံး၊မြောက်ဘက်မီးသတ်ရုံးကုန်းဘက်တွေမှာကတုတ်ကျင်း၊ဘန်ကာတွေအခိုင်အမာပြုလုပ်ထားကြပြီး၊မြို့ပတ်ပတ်လည် ကို နင်းမိုင်း၊တိုက်မိုင်း၊မြေမြုပ်မိုင်းတွေ အပြည့်ထောင်ထားကြ​သလို နေ့ညမပြတ် ကင်းလှည့်နေတယ်လို့သိရပါတယ်။

Zalen ad

အဆိုပါကိစ္စနဲ့ပတ်သက်လို့ ဒေသခံတစ်ဦး က”သူတို့ခံစစ်ပြင်နေတာ တစ်လလောက်ရှိတော့မယ်၊ အင်အားက ပျူ ၈၀၊ရဲ ၈၀၊စစ်သား ၁၀၀ လောက်ရှိတယ်၊သူတို့က ရွှေထီးခန်းမမှာနေကြတာ၊လေယာဉ်ကွင်းဟောင်းတောင်ဘက်ကပ်လျက်ပဲ၊ပျူတွေကလည်းမြို့ပေါ်ကလူတွေပဲ”လို့ Zalen ကိုပြောပါတယ်။

ထီးလင်းမြို့ပေါ်တွင်ကျန်ရှိနေတဲ့ သူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ စစ်သား၊ရဲ၊ပျူစောထီးတွေနှင့်အကြမ်းဖက်စစ်ကောင်စီထောက်ခံသူတွေအများစုသာ အခုချိန်မှာနေထိုင်ကြ​ တာလို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်