မနှစ်က တိုက်ပွဲကြားပိတ်မိစဉ်ပျောက်ဆုံးသွားတဲ့ရွာသား(၃)ဦး ယနေ့ထိပြန်မတွေ့သေး


မနှစ်က တိုက်ပွဲကြားပိတ်မိစဉ်ပျောက်ဆုံးသွားတဲ့ရွာသား(၃)ဦး ယနေ့ထိပြန်မတွေ့သေး
ပလက်ဝမြို့နယ်အထက်ပိုင်း ပီချောင်းနယ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က တပ်မတော်နဲ့ အေအေကြား တိုက်ပွဲဖြစ်ပွားစဉ် ပိတ်မိတဲ့ အရပ်သား(၃)ဦးတို့အကြောင်းကို မိသားစုဝင်တွေက ဒီနေ့ထိသတင်းအစအနမရကြသေးဘူးလို့သတင်းရရှိပါတယ်။
ပျောက်ဆုံးသွားသူတွေဟာ ရပ်ချောင်းရွာက ဦးခိုလို(၅၅ နှစ်) နဲ့ ဦးခိုလိုရဲ့တူ(၁၅ နှစ်)၊ ပီခုံရွာက မောင်ကျော်နိုင်(၁၆ နှစ်)တို့ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်အောက်တိုဘာ (၂၂)ရက်မှာ ၎င်းတို့သုံးဦးဟာ ရပ်ချောင်းရွာကနေ ခြေခြေနဲ့အတူတကွခရီးထွက်ကြပြီး ရပ်ချောင်းရွာနဲ့ ၄၊၅မိုင်လောက်အကွာရောက်တဲ့ချိန်မှာ အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်လို့ တောထဲမှာပိတ်မိသွားပါတယ်လို့ ဦးခိုလိုရဲ့ဇနီးထံကတဆင့်သတင်းရရှိပါတယ်။
ပီချောင်းနယ်မှာရှိတဲ့ သင်းအုပ်ဆရာတော်တစ်ပါးက “အခြေအနေမကောင်းတော့တောထဲမှာလည်းသွားမရှာနိုင်ဘူး။ စစ်တပ်ကိုလည်း အကျိုးအကြောင်းမေးပေမယ့်ဘာမှမထူးခြားဘူး။ ထင်တာကတော့ ဟိုဘက်လက်နက်ကိုင်တွေဆီပါသွားတာလားလို့ပေါ့။ ဒါပေမယ့် သူတို့ကိုလည်းသွားမေးလို့မရဘူး။ အခုထိမိသားစုဝင်တွေက သူတို့ အသက်ရှင်လား၊ သေပြီလားဆိုတာ မသိကြသေးဘူး။ တော်တော်စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ပြိုင်စိုရွာသားတို့ တောထဲမှာဟင်းရှာစဉ် အေအေတို့နဲ့တွေ့ပြီး လမ်းပြအဖြစ် အသက်(၃၅)နှစ်ခန့် ရွာသားတစ်ဦးခေါ်ဆောင်ကာ တောထဲမှာ သုံးလကြာထိန်းသိမ်းခြင်းခံရတယ်လို့ ၂၀၁၆ ခုနှစ်မတ်လမှာ ပြိုင်စိုစစ်ရှောင်စခန်းမှာတွေ့ဆုံစဉ်ပြောခဲ့ပါတယ်။
၎င်းက အေအေတွေခေါ်ဆောင်သွားစဉ်တောထဲမှာ ခြေလက်ချုပ်ခြင်းခံရပြီး အေအေလက်နက်ကိုင်အဖွဲ့သို့ဝင်ရန် ဖြောင်းဖြပြောဆိုမှုတွေရှိတယ်လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်