ယူကရိန်းတွင် တိုက်ပွဲဝင်ခဲ့သော ဒုစရိုက်သမားပေါင်း ၅၀၀၀ ကျော်ကို ရုရှားပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးဟုဆို

ကြေးစားတိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ ရုရှားနိုင်ငံက Wagner အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သော Yevgeny Prigozhin နဲ့ စနေနေ့တွင် ပြောကြားချက်အရ ယူကရိန်းတွင် သွားရောက်စစ်တိုက်ခဲ့သော ဒုစရိုက်သမားပေါင်း ၅၀၀၀ ကို ကန်ထရိုက်အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ရုရှားက ပေးခဲ့ကြောင်း ပြောပါတယ်။

 Wagner Group ဟာ မူလကတော့ ရုရှားနိုင်ငံသား စစ်သားဟောင်းများနဲ့ ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်လာချိန်မှာတော့ ဒီအဖွဲ့ဟာ ပိုအရေးပါသော အဖွဲ့ဖြစ်လာခဲ့ပါတယ်။ Prigozhin ကတော့ ထောင်ဒဏ်ချမှတ်ခံရသူ ထောင်ပေါင်းများစွာကို စုဆောင်းပြီး အန္တရာယ်အများဆုံး တိုက်ပွဲတစ်ခုဖြစ်တဲ့ ယူကရိန်းစစ်ပွဲတွင် စစ်တိုက်ခွင့်ပေးခဲ့ပါတယ်။

 “လက်ရှိအချိန်မှာတော့ သူတို့ရဲ့ Wagner နဲ့ ပြုလုပ်ထားသော ကန်ထရိုက်များအရ ယူကရိန်းတွင် တိုက်ပွဲဝင်ခဲ့သော လူပေါင်း ၅၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီဖြစ်ပါတယ်” ဟု ပူတင်နဲ့ နီးစပ်သောသူတစ်ဦးဖြစ်တဲ့ Prigozhin က ပြောပါတယ်။

 Prigozhin ရဲ့ ပြောဆိုချက်အရ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသွားသောသူ ၀ ဒသမ ၃၁ ရာခိုင်နှုန်းဟာ ပြစ်မှုထပ်မံကျူးလွန်ခဲ့ကြောင်း ပြောပါတယ်။ Prigozhin ဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်တွင် ခိုးမှု နှင့် အခြားသော ပြစ်မှုများကြောင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခဲ့ဖူးသောသူ တစ်ယောက်ဖြစ်ပြီး သူကတော့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့ဖူးကြောင်း ဝန်ခံထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်