ရခိုင်က ချင်းကိုရင်များနှင့် ကျောင်းသူများလိုက်ပါလာသည့်ကားအား သံတွဲစစ်ဆေးရဂိတ်တွင် ဖြတ်သန်းခွင့် တားမြစ်ခံရ

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လှဲကျေးရွာ ဘုန်းကြီးကျောင်းရှိ ကိုရင်အပါး ၃၁ အပါဝင် ကျေးရွာ ကျောင်းသူ ၁၃ ဦးလိုက်ပါလာသည့်ကားအား သံတွဲမြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့် တားမြစ်ပိတ်ပင်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသူ/သားများသည် ပညာသင်ရန် ခက်ခဲသည့် မိသားစုဝင်များဖြစ်၍ ရန်ကုန်မြို့ရှိ ပရဟိတကျောင်းတွင် ပညာသွားသင်ရန် အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်သည်။

ချင်း (ခမီး)ဆရာတော် ချစ်လူ(တက္ကသိုလ်)က ” ကလေးတွေက မိဘတွေ မရှိ၊ ရှိတဲ့ကြားက လမ်းစရိတ်တွေ ရှာကြံပြီး သူတို့ရဲ့ ကလေးတွေ ပညာတက်ကြီးဖြစ်အောင်ဆိုပြီး ရန်ကုန်မြို့ ပရဟိတကျောင်းကို ပို့ထားတာ။ အသက်က မပြည့်သေးတော့ မှတ်ပုံတင်လည်း မရှိဘူး၊ ရပ်ကွက်ထောက်ခံစာ ပါတယ်၊ ဘုန်းကြီးကျောင်းထောက်ခံချက်လည်းပါတယ်၊ မြို့နယ်ရဲစခန်းက အသက်မပြည့်တဲ့ ကလေးတွေဆိုပြီး ရဲထောက်ခံချက်မလိုဘူး ဆိုပြီး မပေးဘူး” ဟု ၎င်းလူမှုကွန်ယက်စာမျက်နှာပေါ်တွင် မျှဝေထားသည်။

တားမြစ်ခံထားရသည့် ကျောင်းသူထဲတွင် အသက် ၈ နှစ်အရွယ်မှ ၁၅ အရွယ်များဖြစ်ပြီး၊ အသက်မပြည်သေးသည့် ကလေးငယ်များဖြစ်၍ ပုဏ္ဏးကျွန်းမြို့မရဲစခန်းက ရဲစခန်းထောက်ခံချက်မလိုအပ်ဘဲ ယခုလို ထောက်ခံချက်မပေးလိုက်ကြောင်း သိရှိရသည်။

Zalen ad

 ” ညနေ့ ၄ နာရီလောက်က သံတွဲမြို့မ လ.ဝ.ကရုံး နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတို့ အချိတ်ဆက်လုပ်လို့ အခုတော့ ဂိတ်ဖြတ်ခွင့်ရပြီး” လို့ ချင်း(ခမီး)ဆရာတော်ချစ်လူ (တက္ကသိုလ်)က မိန့်ကြားထားပါသည်။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်