ရခိုင်ဘက်လမ်းပိတ်လို့ မီဇိုရမ်ဘက်နေ အခြေခံစားသောက်ကုန်တွေ ပလက်ဝမြို့နယ်သို့တင်သွင်းနေရ

၁၀၊ မတ်လ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်ဘက် စားသောက်ကုန်တွေမဝင်တော့လို့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ အခြေခံစားသောက်ကုန်စည်တွေ နေ့စဥ်ပုံမှန် ဝင်ရောက်နေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ယခင်က အခြေခံ စားသောက်ကုန်စည်တွေကို ရခိုင်ပြည်နယ်ကနေ ဝင်ရောက်တင်သွင်းပေမယ့် ပြည်မကနေ ရခိုင်ပြည်နယ်သို့ ကုန်ပစ္စည်းမဝင်တော့တာကြောင့် ယခုနှစ်မှာ မီဇိုရမ်ဘက်ကနေ ရေလမ်း၊ ကုန်လမ်းတွေနဲ့ တင်သွင်းလာတာလို့ သိရပါတယ်။

“ဆန်တော့ တင်သွင်းလို့မရသေးဘူး။ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆား၊ မုန့်၊ စားသုံဆီ၊ စက်သုံးဆီ၊ ငရုပ်သီးတွေက တစ်နေ့ ဟွန်ဒါ စက်လှေငယ် အစီး ၂၀ ကျော်လောက်က ပုံမှန်ဝင်နေပါပြီ။ အရင်ကလို ရခိုင်ဘက်ကနေ ခက်ခက်ခဲခဲ ဝယ်ယူစရာမလိုတော့ဘူး။ မီဇိုရမ်ကနေ ဝယ်ယူတဲ့ခါမှာ ရခိုင်ဘက်ကနေ ဝယ်တာထက် ကုန်စျေးနှုန်းတွေက ကြီးပါတယ်။”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

မီဇိုရမ်ဘက်က ဝင်လာတဲ့ ကုန်ပစ္စည်းတွေဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်ထိ ရေကြောင်းဖြင့် ဖြန့်ဝေပို့ဆောင်နေကြပြီလို့ သိရပါတယ်။

အဲ့ဒီ မီဇိုရမ်ဘက်ကနေ ဝင်လာတဲ့ ကုန်စည်တန်ဖို့း ၇ ရာခိုင်နှုန်းကို ရှင်းလက်ဝရွာက ရက္ခိုင့်တပ်တော် (AA)ရဲ့ ဂိတ်မှာ အခွန်ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်