ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် (၈)နှစ် ချမှတ်ခံရ

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို ဇွန်လ ၂၇ရက်နေ့တွင်ပုဒ်မ ၅၂(က) ၅နှစ်၊ ပုဒ်မ ၅၀၅(က) ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ် မန္တလေး အိုးဘိုထောင်တွင် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်းသိရပါတယ်။

ကိုစိုးသူရကျော်ဟာ ၂၀၂၁ခုနှစ် စက်ဘာလ ၂၄ ရက်နေ့တွင် အဖမ်းဆီးခံရတာဖြစ်တယ်။ ယခု ချမှတ်ထားသော ထောင်ဒဏ်အပြင် ရန်ကုန်တွင်ချမှတ်မည့် အမှုများကျန်ရှိနေသေးကြောင်းလည်း ကြားသိရတယ်။

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့သူ၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။

Zawgyi

ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ ဥကၠ႒ေဟာင္း ေထာင္ဒဏ္ (၈)ႏွစ္ ခ်မွတ္ခံရ

ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)ရဲ႕ ဥကၠဌေဟာင္း ကိုစိုးသူရေက်ာ္ (ခ) ကဗ်ာဆရာသာသွ်ားကို ဇြန္လ ၂၇ရက္ေန႔တြင္ပုဒ္မ ၅၂(က) ၅ႏွစ္၊ ပုဒ္မ ၅၀၅(က) ၃ႏွစ္ စုစုေပါင္း ေထာင္ဒဏ္ (၈)ႏွစ္ မႏၲေလး အိုးဘိုေထာင္တြင္ ျပစ္ဒဏ္ခ်မွတ္ခံထားရေၾကာင္းသိရပါတယ္။

ကိုစိုးသူရေက်ာ္ဟာ ၂၀၂၁ခုႏွစ္ စက္ဘာလ ၂၄ ရက္ေန႔တြင္ အဖမ္းဆီးခံရတာျဖစ္တယ္။ ယခု ခ်မွတ္ထားေသာ ေထာင္ဒဏ္အျပင္ ရန္ကုန္တြင္ခ်မွတ္မည့္ အမႈမ်ားက်န္ရွိေနေသးေၾကာင္းလည္း ၾကားသိရတယ္။

ကိုစိုးသူရေက်ာ္ (ခ) ကဗ်ာဆရာသာသွ်ားဟာ စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရး ပညာေရးသပိတ္စစ္ေၾကာင္းမ်ားကို ဦးေဆာင္ခဲ့သူ၊ အေျခခံပညာ ပညာေရးဝန္ထမ္းမ်ားအေထြေထြသပိတ္ေကာ္မတီ(BEGSC)ရဲ႕ အလုပ္အမႈေဆာင္ေကာ္မတီဝင္အျဖစ္ တာဝန္ထမ္းေဆာင္သူတစ္ဦးလည္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်