ရန်ကုန်မှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး သတိပြုဖို့ လို

၂၈၊ ဇန်နဝါရီ ၊ ၂၀၂၅

Zalen

ရန်ကုန်မြို့ ရဲ့ လေထုညစ်ညမ်းမှုဟာ ဇန်နဝါရီလ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ တိုင်းတာချက်အရ ကမ္ဘာ့အဆင့် ခြောက်နဲ့ အနီရောင်အဆင့် အထိရှိလာပြီး ကျန်းမာရေး သတိပြုဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

အခုရက်ပိုင်း ရန်ကုန်မှာ မြူခိုးများအုပ်ဆိုင်းနေပြီး လေထုညစ်ညမ်းနေမှုကြောင့် အပြင်ထွက် သွားလာရင် နှာခေါင်းစည်းတပ်ဖို့၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါရှိ သူတွေ အပြင်မထွက်ဖို့ ဆရာဝန်တွေက သတိပေး ထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံရဲ့ လေထုအရည်အသွေးအခြေအနေကို စောင့်ကြည့်နေတဲ့ IQ Air ရဲ့ တိုင်းတာချက်အရဒီနေ့ မနက်ပိုင်းမှာ ကမ္ဘာ့အဆင့်ခြောက်မှာ ရှိနေပြီး နေ့လယ်ပိုင်းမှာ အဆင့်ရှစ် ရောက်ရှိနေပါတယ်။ ‌

ဒီအဆင့်တွေဟာ အနီရောင်အဆင့်ဖြစ်ပြီး ကျန်းမာရေးသတိပြုဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ ကိုယ်ခံအားကျဆင်းပြီး ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလည်းကြုံရနိုင်ပြီး အပြင်ထွက် သွားလာမှုတွေ ကို ဂရုစိုက်သင့်တယ်လို့ ပြောပါတယ်။

နာတာရှည်ရောဂါ အခံရှိသူတ ကျန်းမာရေးဆိုးကျိုးအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေ၊ အဆုတ်ကင်ဆာခံစားနေရသူတွေ၊ နှလုံးနဲ့သွေးတိုးရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ပေါင်မစေ့၊ လမစေ့ဘဲမွေးဖွားတာ၊ ကလေးဖွံ့ဖြိုးမှုနောက်ကျတာတွေလည်း ဖြစ်နိုင်တာကြောင့် သတိပြု ဆင်ခြင် နေထိုင်ကြဖို့ လိုအပ်ပါတယ်။

အပြင်သွားလာတဲ့အခါ နာခေါင်းစည်းတွေတပ်ကြဖို့၊ မဖြစ်မနေ ကိစ္စကလွဲပြီး အပြင်မထွက်ကြဖို့လည်း ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

နေညိုရီ

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်