ရန်ကုန် ချင်းအသင်းတော်တစ်ပါးက သင်းအုပ်ဆရာကတော်နဲ့ သင်းထောက်လူကြီး ၂ဦးအား ရဲစခန်းသို့ခေါ်ဆောင်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ ဘုရင့်နောင်လမ်းအနီးရှိ Cornerstone Baptist Church (CBC) တွင် ယနေ့ ဩဂုတ် ၉ရက်၊ မနက်ပိုင်း ၁၀နာရီခန့်က စစ်ကောင်စီရဲများရောက်ရှိလာကြပြီး သင်းအုပ်ကတော် ဆရာမ Nu Zing နှင့် အသင်းတော်လူကြီး ၂‌ဦးအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အသင်းတော်လူကြီးတစ်ဦးက “နိုင်ရေးကိစ္စနဲ့ပတ်သက်လို့တော့ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ လူတစ်ယောက်က တိုင်ကြားလို့ စစ်ဆေးဖို့ ခေါ်သွားတာဖြစ်တယ် လို့သိရတယ်” လို့ ပြောပါတယ်။

ယနေ့ မနက်ပိုင်းတွင် CBC အသင်းတော်၌ ဓမ္မတေးနှင့် အကသင်ကြားခြင်းအစီစဉ်ပြုလုပ်ကြပြီး ယင်းအစီစဉ် ပြုလုပ်နေချိန်တွင် ရဲသားများရောက်ရှိလာကြခြင်းဖြစ်သည်ဟု အထက်ပါအသင်းသားက ဆိုပါတယ်။

ရဲစခန်းသို့ စစ်ဆေးရန်ခေါ်ဆောင်ခြင်းခံရသော လူ ၃ဦးထဲတွင် ပါဝင်သည့် သင်းအုပ်ကတော် ဆရာမ Nu Zing သည် မီးဖွားခါစဖြစ်ပြီး ၎င်းရဲကျန်းမာရေးအတွက်မိသားစုဝင်များ စိုးရိမ်ပူပန်နေကြောင်း အထက်ပါ အသင်းတော်လူကြီးက ပြောပါတယ်။

Zalen ad

CBC အသင်းအုပ်ပါစတာ သိက္ခာတော်ရဆရာတော် ဦးအုပ်လိန်းထန်းသည် ခရစ်ယာန် ဓမ္မပါရဂူဘွဲ့ရယူရန် အမေရိကန်ပြည်ထောင်စု၌ စာတမ်းပြုလုပ်နေချိန်ဖြစ်ပါတယ်။

(Zalen မီဒီယာရဲ့မိတ်ဖက်အဖွဲ့ဖြစ်တဲ့ The Chin Journal တို့ပူးပေါင်းတင်ဆက်ထားသည်။)

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်