ရိခေါ်ဒါရ်ပြည်သူတွေစစ်ဘေးရှောင်စဉ် နေအိမ်ဖောက်ထွင်းသူကို ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက်ကပြည်သူအားလုံး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် လူနေအိမ်တွေကိုဖောက်ထွင်းသူ Salai Thian Nun Mang ကို ပြည်သူတွေတိုင်ကြားချက်အရ CNDF က ဒီကနေ့ မတ် ၁၀ ရက်ကဖမ်းဆီးတယ်လို့သတင်းရရှိပါတယ်။

၎င်းဟာ ရိခေါ်ဒါရ်မြို့အနီး လျန်နှာကျေးရွာ (ဟောင်း)သားတစ်ဦးဖြစ်ပြီး သူငယ်ချင်းဖြစ်သူ Salai Lal Tha Zual နဲ့ လူနေအိမ်တွေဖောက်ထွင်းပြီး ကြက်ကိုသတ်ကား အိမ်ထဲမှာ အရက်သောက်ကြတယ်လို့သိရတယ်။

ဒေသခံတစ်ဦးက “မြို့ထဲမှာလူခြေတိတ်တာကို အခွင့်ကောင်းယူပြီးတော့ လူနေအိမ် ၂ လုံးကိုဖောက်ထွင်းကြတယ်။ ပြတင်းပေါက်မှန်ကိုခွဲပြီးတော့အိမ်ထဲဝင်ကြတယ်။ ကြက်တွေကိုသတ်ပြီးချက်စားကြတယ်။ အိမ်ထဲကပစ္စည်းတွေလည်းဖျက်ဆီးကြတယ်။ ရပ်ကွက်ပြည်သူတော်တော်များများကလည်း သူတို့ကြက်တွေပျောက်တယ်လို့လာပြောကြတယ်” လို့ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ Salai Lal Tha Zual ကတော့ ဖမ်းမမိဘဲ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးလွှတ်မြောက်သွားတယ်လို့သိရတယ်။ ဖမ်းဆီးခံရတဲ့ Salai Thian Nun Mang ကို CNDF က ထိန်းသိမ်းထားလျက်ရှိပါတယ်။

Zawgyi

ရိေခၚဒါရ္ျပည္သူေတြစစ္ေဘးေရွာင္စဥ္ ေနအိမ္ေဖာက္ထြင္းသူကို ဖမ္းဆီး

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၂)ရပ္ကြက္ကျပည္သူအားလံုး အိႏိၵယႏိုင္ငံဘက္သို႔ ထြက္ေျပးတိမ္းေရွာင္စဥ္ လူေနအိမ္ေတြကိုေဖာက္ထြင္းသူ Salai Thian Nun Mang ကို ျပည္သူေတြတုိင္ၾကားခ်က္အရ CNDF က ဒီကေန႔ မတ္ ၁၀ ရက္ကဖမ္းဆီးတယ္လုိ႔သတင္းရရွိပါတယ္။

၄င္းဟာ ရိေခၚဒါရ္ၿမိဳ႕အနီး လ်န္ႏွာေက်းရြာ (ေဟာင္း)သားတစ္ဦးျဖစ္ၿပီး သူငယ္ခ်င္းျဖစ္သူ Salai Lal Tha Zual နဲ႔ လူေနအိမ္ေတြေဖာက္ထြင္းၿပီး ၾကက္ကိုသတ္ကား အိမ္ထဲမွာ အရက္ေသာက္ၾကတယ္လို႔သိရတယ္။

ေဒသခံတစ္ဦးက “ၿမိဳ႕ထဲမွာလူေျခတိတ္တာကို အခြင့္ေကာင္းယူၿပီးေတာ့ လူေနအိမ္ ၂ လံုးကိုေဖာက္ထြင္းၾကတယ္။ ျပတင္းေပါက္မွန္ကိုခြဲၿပီးေတာ့အိမ္ထဲဝင္ၾကတယ္။ ၾကက္ေတြကိုသတ္ၿပီးခ်က္စားၾကတယ္။ အိမ္ထဲကပစၥည္းေတြလည္းဖ်က္ဆီးၾကတယ္။ ရပ္ကြက္ျပည္သူေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ၾကက္ေတြေပ်ာက္တယ္လုိ႔လာေျပာၾကတယ္” လုိ႔ေျပာပါတယ္။

သူငယ္ခ်င္းျဖစ္သူ Salai Lal Tha Zual ကေတာ့ ဖမ္းမမိဘဲ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ဘက္သို႔ ထြက္ေျပးလႊတ္ေျမာက္သြားတယ္လို႔သိရတယ္။ ဖမ္းဆီးခံရတဲ့ Salai Thian Nun Mang ကို CNDF က ထိန္းသိမ္းထားလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်