ရိခေါ်ဒါရ်မြို့က နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ကမီးရှို့၊ လူနာ ၄ ယောက်ကို ဆေးရုံသို့ခြေလျင်နဲ့သယ်ယူကြ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက် စစ်ကောင်စီစခန်းဘေးက လူနေအိမ် တစ်လုံးကို ယနေ့အောက်တိုဘာ ၂၆ ရက် နေ့လည် ၁၂ နာရီလောက်က မီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။

မီးလောင်သွားတဲ့နေအိမ်ဟာ တီးတိန်မြို့နယ် ကပ်သဲလ်ရွာသားပိုင်နေအိမ်ဖြစ်ပြီး ဒေသခံတွေက စစ်ကောင်စီအလောင်းတွေနဲ့အတူ အိမ်ကိုမီးရှို့တာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

ယနေ့မနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်သားမှာ ရိက္ခာသယ်ဖို့ တောင်ကုန်းကနေဆင်းလာစဉ် Mountain Eagle Defense Force တွေထောင်ထားတဲ့မိုင်းနှင်းမိလို့ မိုင်းပေါက်ကွဲသွားပါတယ်။ ဒါကြောင့် တစ်နာရီကြာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြပါတယ်။

မနက် ၁၁ နာရီလောက်တွင် စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်က စစ်ကောင်စီလူနာ ၄ ဦးကို ခြေလျင်နဲ့သယ်ဆောင်ပြီး အမှတ် (၁)ရပ်ကွက် ပြည်သူ့ဆေးရုံဘက်သို့ သယ်ဆောင်သွားကြတယ်လို့သိရတယ်။

ရိခေါ်ဒါရ်မြို့ဒေသခံတစ်ဦးက “စစ်ခွေးတွေက လူဘေးမှာရပ်တဲ့ အရပ်သားတစ်ယောက်ကိုလည်း ပါးချတယ်တဲ့။ ပြီးတော့ ဈေးဆိုင်ဖွင့်တဲ့သူတွေလည်း ဈေးမဖွင့်ဖို့ အိမ်ထဲချက်ချင်းဝင်ဖို့ပြောတယ်။ လူနာတွေထမ်းပြီး မြို့ထဲရောက်လာကြတဲ့ချိန်မှာ တောင်ကုန်းက အိမ်မီးလောင်တာ။ ကျန်ခဲ့တဲ့လူတွေက အလောင်းမီးရှို့ဖို့ အိမ်ကိုလည်တခါတည်းမီးရှို့တယ်လို့ထင်တယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း မြန်မာသတင်းသမား ၇ ဦး သတ်ခံရပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ

၂၊ နိုဝင်ဘာ ၊ ၂၀၂၄ Zalen အာဏာသိမ်း သုံးနှစ်‌ကျော်အတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သတင်းသမား ခုနှစ်ဦး သေဆုံးခဲ့ပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နို၀င်ဘာ ၂ ...

ဆက်ဖတ်ရန်