ရိခေါ်ဒါရ်မြို့ ရဲစခန်းကနေ ရဲ (၆)ဦး PDF Zoland ထံလာရောက်ပူးပေါင်း၊ လက်နက်ပါလာသူကို သိန်း ၅၀ ဆုချီးမြှင့်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ ရဲစခန်းကနေ ရဲဒုတပ်ကြပ်အပါအဝင် ရဲ ၆ ဦးဟာ မတ်လ (၆)ရက်နေ့က PDF Zoland ထံလာရောက်ပူးပေါင်းကြတယ်လို့ PDF Zoland က မတ် ၁၃ ရက်ကသတင်းထုတ်ပြန်လိုက်ပါတယ်။

၎င်းတို့ထဲမှာ ရဲတပ်သား Khup Sawm Mung တွင် G-3 သေနတ်တစ်လက်နဲ့ ကျည်တွေပါလာတာကြောင့် PDF Zoland က သိန်း ၅၀ ဆုချီးမြှင့်တယ်လို့လည်းသိရတယ်။

PDF Zoland ကတာဝန်ရှိသူတစ်ဦးက “သူတို့ မတ်လ ၆ ရက်က ကျနော်တို့ဆီမှာ CDM လုပ်ဖို့ စာရင်းပေးလာကြတယ်။ ဒါပေမယ့် တကယ်ထွက်ပြေးလာတဲ့ရက်က မတူဘူး။ သူတို့အဆင်ပြေတဲ့ချိန်မှာ သူတို့ဘာသာထွက်လာကြတယ်။ ကျနော်တို့က သွားကြိုတာပေါ့။ သူတို့က CDM လုပ်ရင် ပြည်သူ့တပ်ဖွဲ့က နှိက်စက်ပြီးအသတ်ခံရမယ်လို့ အထဲမှာနေတုန်းက ဝါဒသွင်းခံရတယ်။ အများစုက ဖလမ်းမြို့နယ် ရဲစခန်းကနေ ရဟတ်ယာဉ်နဲ့ ရိကိုပို့လာကြတယ်။ အားလုံးက ချင်းလူမျိုးတွေ အချင်းချင်းသတ်ခိုင်းတဲ့သဘောပါ” လို့ပြောပါတယ်။

PDF Zoland ထံပူးပေါင်းလာတဲ့ ရိစခန်းက ရဲစာရင်းကတော့ –
1.Thian Biak Piang (ထျန်ဘေ(ပ်)ပြန်)
ဒုတပ်ကြပ်၊ ဖလမ်းမြိုနယ်ရဲစခန်း
2. Lal Thian Thang (လာင်ထျန်ထန်း)
ရဲတပ်သား၊ ဖလမ်းမြိုနယ်ရဲစခန်း
3. Thang Cuan Mang (ထန်းကြွန်မန်း)
ရဲတပ်သား၊ ဖလမ်းမြိုနယ်ရဲစခန်း
4. Kam Deih Pau
ရဲတပ်သား၊ ဖလမ်းမြိုနယ်ရဲစခန်း (တွဲဖက်)
5. Thang Dim (ထန်းဒိမ်)
ရဲတပ်သား၊ ဖလမ်းမြိုနယ်ရဲစခန်း
6. Khup Sawm Mung
ရဲတပ်သား၊ ဖလမ်းမြို့နယ်ရဲစခန်း

Zawgyi

ရိေခၚဒါရ္ၿမိဳ႕ ရဲစခန္းကေန ရဲ (၆)ဦး PDF Zoland ထံလာေရာက္ပူးေပါင္း၊ လက္နက္ပါလာသူကို သိန္း ၅၀ ဆုခ်ီးျမွင့္

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ အိႏိၵယနယ္စပ္ ရိေခၚဒါရ္ၿမိဳ႕ ရဲစခန္းကေန ရဲဒုတပ္ၾကပ္အပါအဝင္ ရဲ ၆ ဦးဟာ မတ္လ (၆)ရက္ေန႔က PDF Zoland ထံလာေရာက္ပူးေပါင္းၾကတယ္လုိ႔ PDF Zoland က မတ္ ၁၃ ရက္ကသတင္းထုတ္ျပန္လုိက္ပါတယ္။

၄င္းတုိ႔ထဲမွာ ရဲတပ္သား Khup Sawm Mung တြင္ G-3 ေသနတ္တစ္လက္နဲ႔ က်ည္ေတြပါလာတာေၾကာင့္ PDF Zoland က သိန္း ၅၀ ဆုခ်ီးျမွင့္တယ္လုိ႔လည္းသိရတယ္။

PDF Zoland ကတာဝန္ရွိသူတစ္ဦးက “သူတို႔ မတ္လ ၆ ရက္က က်ေနာ္တုိ႔ဆီမွာ CDM လုပ္ဖုိ႔ စာရင္းေပးလာၾကတယ္။ ဒါေပမယ့္ တကယ္ထြက္ေျပးလာတဲ့ရက္က မတူဘူး။ သူတို႔အဆင္ေျပတဲ့ခ်ိန္မွာ သူတို႔ဘာသာထြက္လာၾကတယ္။ က်ေနာ္တုိ႔က သြားၾကိဳတာေပါ့။ သူတို႔က CDM လုပ္ရင္ ျပည္သူ႔တပ္ဖြဲ႔က ႏွိက္စက္ၿပီးအသတ္ခံရမယ္လုိ႔ အထဲမွာေနတုန္းက ဝါဒသြင္းခံရတယ္။ အမ်ားစုက ဖလမ္းၿမိဳ႕နယ္ ရဲစခန္းကေန ရဟတ္ယာဥ္နဲ႔ ရိကိုပို႔လာၾကတယ္။ အားလံုးက ခ်င္းလူမ်ဳိးေတြ အခ်င္းခ်င္းသတ္ခုိင္းတဲ့သေဘာပါ” လို႔ေျပာပါတယ္။

PDF Zoland ထံပူးေပါင္းလာတဲ့ ရိစခန္းက ရဲစာရင္းကေတာ့ –
1.Thian Biak Piang (ထ်န္ေဘ(ပ္)ျပန္)
ဒုတပ္ၾကပ္၊ ဖလမ္းၿမိဳနယ္ရဲစခန္း
2. Lal Thian Thang (လာင္ထ်န္ထန္း)
ရဲတပ္သား၊ ဖလမ္းၿမိဳနယ္ရဲစခန္း
3. Thang Cuan Mang (ထန္းႂကြန္မန္း)
ရဲတပ္သား၊ ဖလမ္းၿမိဳနယ္ရဲစခန္း
4. Kam Deih Pau
ရဲတပ္သား၊ ဖလမ္းၿမိဳနယ္ရဲစခန္း (တြဲဖက္)
5. Thang Dim (ထန္းဒိမ္)
ရဲတပ္သား၊ ဖလမ္းၿမိဳနယ္ရဲစခန္း
6. Khup Sawm Mung
ရဲတပ္သား၊ ဖလမ္းၿမိဳ႕နယ္ရဲစခန္း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်