ရိခေါဒါရ်မြို့ နယ်စပ်ဂိတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုး(၁၂)ဦးဖမ်းဆီး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်တွင် အိန္ဒိယဘက်မှ မြန်မာဘက်သို့ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၂)ဦးနဲ့ ခေါ်ဆောင်သူ မြန်မာနိုင်ငံသား(၂)ဦးတို့ကို အောက်တိုဘာ(၁၈)ရက် နံနက်(၄)နာရီခွဲတွင် ဖမ်းဆီးကြောင်း ရိခေါဒါရ် ပြန်/ဆက်က ရေးသားထားပါတယ်။

ဖြစ်စဉ်မှာ သတင်းအရ ရိခေါဒါရ်မြို့ ခလရ(၂၂၈)တပ်ရင်း၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လဝက၊ စသုံးလုံးတို့ပူးပေါင်းပြီး ညနေ(၆)နာရီနဲ့ နံနက် (၆)နာရီးကြားဖြတ်သန်းသွားလာခွင့်မရှိတဲ့ နယ်စပ်တံတားမှာ ကင်းပုန်းဝပ်စောင့်ဆိုင်းစဉ် တံတားဘေးသံဘောင် အပြင်ဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ ခိုးဝင်ရောက်လာသည့် မသင်္ကာဖွယ်ရာ အမျိုးသား(၁၄)ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အဘ ဦးကျော်သိန်း၏ သား ကျော်အေးနိုင်(အသက် ၄၈နှစ်) ဇေယျသုခလမ်း၊ (၁၀၇)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့နှင့် ၎င်းခေါ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(၅) ဦး (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ရခိုင်လူမျိုးများ)ဖြစ်ပြီး ရန်ဂါမတီ (Rangamati)ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေထိုင်သူများဖြစ်သည့် အဘ ဦးဟွန်ဂျာလင်၏သား ဒါနီရယ်တီလူးရာ (အသက် ၂၃နှစ်)၊ အဘ ဦးဘီရွန်ဂျော်ဂရာ၏ သား ဟာမွန်နီတီလူးရာ (အသက် ၂၂ နှစ်)၊ အဘ ဦးဟာဇောနယ်ရာ၏သား ဟလမ်ဟာတီလူးရာ (အသက် ၂၂ နှစ်)၊ အဘ ဦးကရောထွေအော်၏သား ဆာဒိုအန် (အသက် ၂၃ နှစ်) နှင့် အဘ ဦးဘူးတို့ခနု၏သား ထွက်ကရောဂျင် (အသက် ၂၅ နှစ်)တို့အား လည်းကောင်း၊ မြန်မာနိုင်ငံသားဖြစ်သည့် အဘ ဦးသာထွန်းအောင်၏သား ဇော်မင်းအောင် (အသက် ၃၈ နှစ်) ချယ်ရီလမ်း၊ ဘုရားသုံးဆူရပ်ကွက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့ နေထိုင်သူ ခေါ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၇)ဦး၊ ရန်ဂါမတီ (Rangamati)ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌နေထိုင်ပြီး ရခိုင်လူမျိုးများ ဖြစ်သည့် အဘ ဦးမေဒု၏သား Hla Sui Ching Marma (အသက် ၂၆ နှစ်)၊ အဘ ဦးအောင်ထွန်းရီ၏သား Pai Sa Thui Marma (အသက် ၂၃ နှစ်)၊ အဘ ဦးနိန်လာအောင်၏သား U Sa Thuai Marma (အသက် ၃၀ နှစ်)၊ အဘ ဦးထွန်သေ၏ သား Shchingu (အသက် ၃၁ နှစ်)၊ အဘ ဦးမောင်လှဖြူ၏သား Chaindu Aong Marma (အသက် ၂၅ နှစ်)၊ အဘ ဦးသာထွန်းခို၏သား U Shiching Marma (အသက် ၂၅ နှစ်)နှင့် အဘ ဦးဒေါဘန်အောင်၏သား Thaing Hla Saing Marma (အသက် ၂၁ နှစ်)တို့အား ဖမ်းဆီးရပါတယ်။

အဆိုပါ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား(၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုး (၁၂)ဦး၊ စုစုပေါင်း (၁၄)ဦးတို့အား အမှုဖွင့်အရေးယူနိုင်ဆောင်ရွက်ရေးအတွက် ခလရ (၂၂၈)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ လဝက ဦးစီးမှူး ဦးတေဇာလင်းနှင့် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဇော်ကျော်တို့မှ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

(ရိခေါဒါရ် ပြန်/ဆက်)

နောက်ဆုံးရသတင်းများ