လူးဝစ်အီနာဆီအိုဒါဆဲလ်ဗားဟာ လက်ယာအစွန်းရောက်သမ္မတဖြစ်တဲ့ ဂျာဘောလ်ဆိုနာရိုကို သမိုင်းတစ်လျှောက် အများမထင်မှတ်ထားသော ရွေးကောက်ပွဲရလဒ်ဖြင့် အနိုင်ရရှိခဲ့တာ ခုဆို ၂ ပတ်နီးပါးရှိလာပြီဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မီလ်တန်ဘလ်ဒင်ဟာ ဘရာဇီလ်းလီယာမြို့ကို ထောင်ပေါင်းများစွာသော ဘောလ်ဆိုနာရိုထောက်ခံသူများနဲ့ စစ်တပ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး စစ်တပ်က တိုင်းပြည်အာဏာသိမ်းရန် တောင်းဆိုနေကြပါတယ်။
နိုင်ဝင်ဘာလ ၂၆ ရက်နေ့တွင် ဘာလ်ဒင်ဟာ နိုင်ငံတစ်ဝှမ်းရှိ သေနတ်ရှိသောသူများကို ဆော်ဩခဲ့ပြီး လူပေါင်း ၁ သန်းနီးပါးဟာ ဘရာဇီလ်းလီယာတွင် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဘာလ်ဒင်ဦးဆောင်ပြီး ဆန္ဒပြမှုဟာ ရက်ပေါင်းအတန်အကြာအတွင်း နည်းအမျိုးမျိုးသုံးကာ ဆန္ဒပြနေကြပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းကလည်း ဖယ်ဒရယ်ရဲရုံးချုပ်ကို စီးနင်းရန် ကြိုးပမ်းခဲ့ကြပါတယ်။ ဘာလ်ဒင်ဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကနေ ဆန္ဒပြသူများကို ဦးဆောင်သောသူဖြစ်လာခဲ့ပြီး အစိုးရဟာ ဒီမိုကရေစီကို မှန်ကန်စွာ အသုံးမပြုကြောင်း ဆိုကြပါတယ်။
စစ်တပ်အာဏာသိမ်းရန် တောင်းဆိုခဲ့သော ဘာလ်ဒင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရဲများက ဖမ်းဆီးသွားခဲ့ပါတယ်။