ရွှေဘိုမြို့နယ် စစ်စခန်းကို PDF က တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၀ ထက်မနည်းသေဆုံး

PDF ရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးသွားတယ်လို့ ကျောက်လုံးကြီး KLG PDF က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ၂၀၂၃၊ မေ (၉) ရက်၊ မနက်အစောပိုင်း ၄ နာရီခန့်က ကျောက်လုံးကြီး PDF ကနေ စခန်းသိမ်းဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ခန့်သေဆုံးခဲ့အပြီး စခန်းသိမ်းပိုက်ခါနီးအချိန် မနက် ၆ နာရီခန့်မှာတော့  ရွှေဘိုမြို့နယ် သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ မှ စစ်သားနဲ့ ပျူစောထီးတွေ တပ်ကူရောက်ရှိလာခဲ့လို့ အခြေအနေသုံးသပ်ကာ ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၄ ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်