လစ်ဗျားနိုင်ငံတွင် မုန်တိုင်းကြောင့် လူပေါင်း ၁၀၀၀၀ ကျော်ပျောက်ဆုံးနေ

အာဖရိကတိုက်၊ လစ်ဗျားနိုင်ငံတွင် ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ကြီးမားသော ရေကြီးမှုဖြစ်ပွားစေခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

 မုန်တိုင်းကြောင့် ဆည်များပျက်စီးခဲ့ပြီး၊ အဆောက်အဦးများလည်းကိုလည်း ပြိုလဲစေခဲ့ကာ ဒါနာမြို့ရဲ့ ၄ ပုံတွင် ၁ ပုံခန့်ဟာ ရေကြီးမှုကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြပါတယ်။ ဒါနာမြို့တစ်ခုတည်းတွင် သေဆုံးသွားသူ လူပေါင်း ၁၀၀၀ ကျော်၏ အလောင်းကို ရရှိထားပြီး အစိုးရတာဝန်ရှိသူများကတော့ ဒီပမာဏဟာ မြင့်တက်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ဒါနာမြို့ဟာ လူပေါင်း ၁၂၅၀၀၀ ခန့်နေထိုင်သောမြို့တစ်မြို့ဖြစ်ပြီး လမ်းပေါ်တွင် ကားများတိမ်မှောက်ခြင်း၊ သစ်ပင်များ လဲကျခြင်း၊ ရေကြီးမှုကြောင့် စွန့်ခွာလိုက်ရသော အိမ်များစွာကို မြင်ရပါတယ်။

“ဒါနာမြို့တစ်ခုတည်းမှာ တွေ့ရှိထားတဲ့ သေဆုံးသူအလောင်းဟာ ၁၀၀၀ ကျော်လာပြီ၊ ကျွန်တော် ချဲ့ကားပြောနေတာမဟုတ်ပါဘူး၊ မြို့ရဲ့ ၂၅ ရာခိုင်နှုန်းဟာ ပျောက်ကွယ်သွားပြီ၊ အဆောက်အဦးများစွာကလည်း ပြိုလဲသွားပြီ” လို့ လေကြောင်းပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ဟီချန်အာဘုကီအောက်က ပြောပါတယ်။

သူကတော့ သေဆုံးသာလူဦးရေဟာ ၂၅၀၀ အထိ မြင့်တက်လာနိုင်တယ်လို့လည်း Al Jazeera သတင်းဌာနာကို ပြောခဲ့ပါတယ်။ ပြီးတော့ ပျောက်ဆုံးသူ လူစာရင်းကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ်တွင် နေတိုးကျောထောက်နောက်ခံ အရေးအခင်းစတင်လာခဲ့ပြီးနောက်မှာတော့ အရှေ့နဲ့အနောက် ခွဲခြားထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အများပြည်သူသုံး ဝန်ဆောင်မှုများကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။

ဒီနေ့ ရေကြီးခဲ့သော ဒါနာမြို့မှာဟာ နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိနေပြီး နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဖြစ်တဲ့ ထရီပိုလီအစိုးရဟာ ဒီဒေသကို ထိန်းချုပ်ထားခြင်းမရှိပါဘူး။ အမေရိကန်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အကူအညီများ ပေးအပ်မည်ဟု ပြောထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်