လိုင်လင်းပီ မြို့ကိုစစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သား တစ်ဦးသေဆုံးကာ တော်လှန်ရေး ဘက်မှ ၂ ဦး ဒဏ်ရာ ရရှိ

၂၁ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

မတူပီမြို့နယ် ၊ လိုင်လင်းပီ မြို့အခြေစိုက် ခမရ ၃၀၄ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် စတင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သားပြည် ၁ ဦးသေဆုံးပြီး တော်လှန်တပ်ဖွဲ့မှ ၂ ဦး ဒဏ်ရာ မစိုးရိမ်ရ ရရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် ၁ ဦးနဲ့ CDF-Lautu မှရဲဘော် ၁ ဦးတို့ ဒဏ်ရာ ရရှိကြတယ်လို့သိရပါတယ်။

ချင်းကာကွယ်ရေး တပ်ဖွဲ့များက စခန်းကို ပိတ်ဆို့ နေတာကြောင့် လေကြောင်းပစ်ကူတောင်းကာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် မြို့ခံ အသက်ကြီးပိုင် ၁ ဦးသေဆုံးပြီး နေအိမ် အချို့နဲ့ MEC ဘုရားကျောင်းပျက်ဆီးခဲ့ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၉: ၃၅ နာရီ ပတ်ဝန်းကျင်တွင်လည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

” ဒီကနေ့ မနက်ပိုင်း မှာလည်း တစ်ကြိမ် ဗုံးကြဲတယ်။ လူထိခိုက်တာတော့ မကြားမိဘူး ။ နေအိမ်အဆောက်အအုံတစ်ချို့ပျက်ဆီးတယ်”လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

လိုင်လင်းပီ တပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) ၊ CDF-Mara ၊ CDF -Matupi ၊ CDF-Lautu ၊ CDF -Zophei တို့က နိုဝင်ဘာလ ညနေ ၃ နာရီ ပတ်ဝန်းကျင်က စတင်တိုက်ခိုက်ခဲ့ပြီး ဝေဟင် ဒရုန်းဗုံးသီးများဖြင့် တပ်စခန်းနေအိမ်အဆောက်အအုံများကိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှအထိနာခဲ့ပြီး ယခုလိုလေကြောင်းအကူအညီတောင်းကာ စစ်ကောင်စီများရဲ့တပ်စခန်းနေအိမ်များပျက်ဆီးပြီး ကတုတ်ကျင်း ၊ ဆက်သွယ်ရေးမြောင်း ၊ ပန်ကာကျင်းတို့တွင်ပုန်းခိုကြတယ်လို့သိရပါတယ်။

၎င်းစစ်ကောင်စီတပ်များကိုဒေသကာကွယ်ရေးတော်လှန်ရေးတပ်ဖွဲ့များကဝိုင်းရံပိတ်ဆို့ထားပြီး လက်မြှောက်အရှုံးပေးအလင်းဝင်ရန် အကြိမ်ကြိမ် လှုပ်ဆော်ခဲ့သော်လည်းယခုအထိ လက်မြှောက်သူ တယောက်မှမရှိသေးဘူးလို့သိရပါတယ်။

မတူပီမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီ မှအချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နိုင်တာကြောင့် ဒေသခံ ကာကွယ်ရေး တပ် များက ပြည်သူများကို ကြိုတင်ကာကွယ်ဖို့ရန် အသိပေးထုတ်ပြန်ချက်တွေပြုလုပ်ပေးတယ်လို့သိရပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်