ချင်းပြည်နယ်၊ တီးတိန်မြို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနေတဲ့အိမ်မှာထားတဲ့ ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၆ ရက်နေ့လည် ၃ နာရီလောက်ကသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဟာ အရပ်ဝတ်ဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးနေတဲ့ ထွမ်းဗုမ်းရိပ်သာသို့ လုံခြုံရေးချထားတဲ့ကြားက ဝင်ရောက်သွားပါတယ်။ ခရိုင်မှူး ဦးအောင်ချမ်းငြိမ်းမရှိဘဲ ကားဆရာပဲတွေ့လို့ ရိပ်သာရှေ့မှာရပ်ထားတဲ့ Hilux ကား ၂စီးသော့ကိုတောင်းကာ တစ်စီးက စတေရီခတ်ထားလို့ ကျန်တဲ့ကားတစ်စီးသာ မောင်းပြေးသွားကြပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “ကားမောင်းပြေးတဲ့ချိန် အနောက်ကနေ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ် ၂စီးနဲ့လိုက်လာတယ်။ ဆိုင်ကယ်နောက်မှာ ကား ၂ စီးနဲ့ထပ်လိုက်တယ်။ သူတို့ ၂ မိနစ်လောက်နောက်ကျရင် စစ်ကောင်စီတပ်ကမိမှာ။ ဒါပေမယ့် KBZ ဘဏ်ရှေ့ထိပဲလိုက်လာကြပြီးပြန်လှည့် သွားတယ်။ ကျန်တဲ့ကားတစ်စီးကို ပြန်ယူဖို့ထပ်သွားပေမယ့် စစ်ခွေး သုံးယောက်က ကားကိုစောင့်နေလို့ မယူနိုင်တော့ဘူး။ စစ်ခွေးတွေတော်တော်ဒေါကန်ကြတယ်။ တီးတိန်ကို ထန်တလန်လို လုပ်လို့ရတယ်။ မိုက်တဲ့သူထွက်ခဲ့။ ကျည်ဆံအများကြီးရှိတယ်ဆိုပြီး ကင်းလှည့်ရင်းအော်ကြတယ်။ ဒါပေမယ့် မြို့တွင်းရိဒ်လမ်းခွဲတော့မကျော်ရဲကြဘူး။ ကျော်လာရင်တော့ ခြုံခိုတိုက်ခံရမှာသိတယ်လေ”လို့ပြောပါတယ်။
အဲ့ဒါကြောင့် ဩဂုတ် ၁၈ ရက်မနက် ၁၂ နာရီခွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ထွမ်းဗုမ်းရိပ်သာ၊ ထွေအုပ်၊ နတလ စစ်ကောင်စီစခန်းများသို့ ၄၀ မမဖြင့် ၁၄ ကြိမ်ပစ်ခတ်ခဲ့ကြတယ်။