လေးလအတွင်းမှာလေကြောင်းကနေ တစ်ရက်ကို နှစ်ကြိမ်နီးပါး တိုက်ခိုက်ခဲ့

ချစ်ခြင်းနွေ၊ ၂၅၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

၂၀၂၃ခုနှစ် မေလကနေ ဩဂုတ်အထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီလေးလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၃ ဦး ရှိခဲ့ပါတယ်။ ဘာသာရေးအဆောက်အအုံ ၃၃ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း လေးခု ပျက်စီးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းမှာ ၆၉ ကြိမ်၊ ချင်းပြည်နယ်မှာ ၂၉ ကြိမ်၊ ကရင်မှာ ၂၃ ကြိမ်၊ ကချင်မှာ ၂၂ ကြိမ်၊ ရှမ်းပြည်တောင်ပိုင်းမှာ ၁၄ ကြိမ် စသည်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ ၁၂ ကြိမ်၊ ပဲခူးမှာ ၁၁ ကြိမ်၊ မကွေးမှာ ၁၀ ကြိမ်၊ မွန်ပြည်နယ်မှာ ခြောက်ကြိမ်၊ တနင်္သာရီနဲ့ မန္တလေးတို့မှာ နှစ်ကြိမ်စီနဲ့ နေပြည်တော်မှာ တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၆၈၇ ဦး၊ ဒဏ်ရာရသူ ၄၅၈ ဦးရှိတယ်လို့လည်း အစီရင်ခံမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN OHCHR ရဲ့ စက်တင်ဘာလကထုတ်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်