သတင်းအတိအကျအရ ညအချိန် လေယာဥ်နဲ့ဗုံးကြဲခံရလို့ PDF ရဲဘော် ၃ ယောက် ကျဆုံး

ရေးနဲ့ သံဖြူဇရပ်နယ်စပ်ရှိ ကျားဖြူ တပ်ခွဲ စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ အတိအကျ ဗုံးကြဲမှုကြောင့် PDF ရဲဘော် ၃ ယောက် ကျဆုံးပြီး ၄ ယောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အစပ်ရှိ ကျားဖြူတပ်ခွဲစခန်းတစ်ခုကို စစ်တပ်ကတိုက်လေယာဉ်နဲ့ မေလ ၇ ရက်၊ ည ၁၁ ဝန်းကျင်က ဗုံးကြဲချခဲ့တာလို့ဆိုပါတယ်။

ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြီး ၂ လုံးကိုကျားဖြူစစ်ကြောင်း ၂ စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ ၆ နောက်တန်းစခန်း နေရာအတိအကျပစ်ချခဲ့တဲ့အပြင် မေလ ၈ ရက်၊မွန်းတည့် ၁၂ နာရီခန့်ကလည်း Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်း လင်းအောင် (ခ) မြကြီး နဲ့ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့် တို့ ကျဆုံးခဲ့ရပြီး ကျန်ရဲဘော် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ၁ ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်