သမ္မတ ဒေါ်နယ်ထရမ့် ICC ကို ပိတ်ဆို့ဒဏ်ခတ်တဲ့အမိန့်ကို လက်မှတ်ရေးထိုး

၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အပေါ် ဒဏ်ခတ် ပိတ်ဆို့အရေး ယူမှုအတွက် ဖေဖော်ဝါရီ ၆ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ICC အရာရှိတွေကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ဗီဇာကန့်သတ်ချက်တွေ ချမှတ်လိုက်တဲ့ အမိန့်အပေါ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်ရဲ့ မိတ်ဖက် အစ္စရေးနိုင်ငံသား တွေအပေါ် စုံစမ်းစစ်ဆေးမှုမှာပါဝင်တဲ့ ICC အရာရှိတွေကို ဒဏ်ခတ်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

Zalen ad

ICC ဟာ အမေရိကန်နဲ့ အစ္စရေးတို့ကို ပစ်မှတ်ထားပြီး တရားမဝင်နဲ့ အခြေအမြစ်မရှိတဲ့ ဖမ်းဝရမ်းတွေ ထုတ်ပြန်ပြီးအာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ သမ္မတထရမ့်က စွပ်စွဲထားပါတယ်။

ဒါ့အပြင် ICC ဟာ အမေရိကန်နဲ့ အစ္စရေးအပေါ် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့လည်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ နှစ်နိုင်ငံ တိုက်ပွဲအတွင်းမှာ ပါလက်စတိုင်းထောင်ချီသေဆုံးမှုတွေကြောင့် စစ်ရာဇဝတ်မှုကျူးလွန်မှုအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက် ဂဲလန့် တို့ကို နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ထရမ့်ဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ရာ ဂါဇာကို အမေရိကန်က ယူမယ်လို့ ပြောထားပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တာဝန်ယူမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အမေရိကန်၊ ဝါရှင်တန်ကို အစ္စရေးဝန်ကြီးချုပ် အလည်အပတ်ရောက်ရှိနေပြီး သမ္မတထရမ့်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

Mary

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်