သိန်း လေးထောင်ကျော်နဲ့တည်ဆောက်ထားတဲ့တံတား တစ်နှစ်ကျော်ကြာမှာပျက်စီး

ကျပ်သိန်း လေးထောင်ကျော်ဖြင့်တည်ဆောက်ထားတဲ့ ရွာချင်းဆက် ကွန်ဂရစ်တံတားဟာ တစ်နှစ်ကျော်ကြာမှာ ဖလမ်းလေယာဉ်ကွင်းမြေစာကြောင့် ဒီမနက်မျောသွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဖလမ်းမြို့နယ်၊ ရဲလ်စိန်းကျေးရွာအဝင်ရှိ သီးဆွမ်းချောင်းကွန်ဂရစ်တံတား (၅၀×၁၇×၁၅ ပေ)ဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ကျပ်သိန်း(၄၃၂၀)ဖြင့် လဲနူပါကုမ္ပဏီက ဆောင်လုပ်ထားပြီး ၂၀၁၇ ခုနှစ် မေလမှာ တံတားတည်ဆောက်မှုပြီးစီးခဲ့တာဖြစ်ပါတယ်။ သီးဆွမ်းချောင်းကွန်ဂရစ်တံတား ဖလမ်းလေယာဉ်ကွင်းမြေစာကြောင့် ဒီမနက် နံနက် (၅)နာရီမှာ မျောပါသွားတယ်လို့ ရဲလ်စိန်းကျေးရွာအုပ်ချုပ်ရေးမှူး U Sen Kar ကပြောပါတယ်။

U Sen Kar က “ခုတလော မိုးကတော့ ရွာလိုက်စဲလိုက်နဲ့ပါ။ မိုးနည်းနည်းကျလာရင်လည်း ရေက ဖလမ်းလေယာဉ်ကွင်းမြေစာကို အများကြီးသယ်လာတော့ တံတားမှာ ကျောက်တုံးတွေ သစ်တုံးတွေနဲ့ပိတ်တတ်တယ်”လို့ဆိုပါတယ်။

Zalen ad

ချောင်းကို ဆိုင်ကယ်နဲ့ဖြတ်ဖို့ အင်အားနဲ့ဆိုင်ကယ်ကိုသယ်ပြီး ဖလမ်းဘက်ကိုသွားရပါတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်