သီးမစ်ချောင်းတံတားတည်ဆောက်ရန်လို့ယူဆရတဲ့ ဆောက်လုပ်ရေးကားနဲ့အတူ စစ်ကောင်စီကားတွေ ဖလမ်းမြို့အနီးရောက်ရှိ

ဟားခါးကနေ ထန်တလန်မြို့ကိုသွားတဲ့ လမ်းပေါ်က သီးမစ်ချောင်းတံတားပြန်လည်တည်ဆောက်ရန်လို့ယူဆရတဲ့ ဆောက်လုပ်ရေးကား ၄ စီးနဲ့ စစ်ကောင်စီကား ၂၈ စီးဟာ ဇူလိုင် ၅ ရက်ညတွင် ဖလမ်းမြို့အနီး ဗားရ်တံတားသို့ ရောက်လာကြပြီလို့သိရပါတယ်။

ဆောက်လုပ်ရေးပစ္စည်းတွေတင်ဆောင်တဲ့ အဝါရောင်ကားပေါ်မှာ သစ်၊ သံချောင်း၊ ဝါးလုံးတွေတင်ဆောင်ကြကြောင်းသိရတယ်။

မနှစ်က စစ်ကောင်စီတပ်က ထန်တလန်မြို့ကို မီးရှို့ပြီးနောက် သီးမစ်ချောင်းတံတားကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးတာကြောင့် ထန်တလန်မြို့မှာစခန်းချတဲ့ စစ်ကောင်စီတပ်တွေလိုအပ်တဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေသာ ပို့ဆောင်ခဲ့ကြပါတယ်။

အဲ့ဒီ စစ်ကောင်စီယာဉ်တန်းဟာ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက ကလေးမြို့ကနေတက်လာကြတဲ့ကားဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေဟာ ကလေး-ဖလမ်းလမ်းမကျေးရွာတွေမှာ ညအိပ်ကြပြီး ရွာထဲက မသန်စွမ်း ၂ ဦးကို အကြောင်းမဲ့ပစ်သတ်ကြကြောင်းသတင်းရရှိပါတယ်။

Zawgyi

သီးမစ္ေခ်ာင္းတံတားတည္ေဆာက္ရန္လို႔ယူဆရတဲ့ ေဆာက္လုပ္ေရးကားနဲ႔အတူ စစ္ေကာင္စီကားေတြ ဖလမ္းၿမိဳ႕အနီးေရာက္ရွိ

ဟားခါးကေန ထန္တလန္ၿမိဳ႕ကိုသြားတဲ့ လမ္းေပၚက သီးမစ္ေခ်ာင္းတံတားျပန္လည္တည္ေဆာက္ရန္လို႔ယူဆရတဲ့ ေဆာက္လုပ္ေရးကား ၄ စီးနဲ႔ စစ္ေကာင္စီကား ၂၈ စီးဟာ ဇူလိုင္ ၅ ရက္ညတြင္ ဖလမ္းၿမိဳ႕အနီး ဗားရ္တံတားသို႔ ေရာက္လာၾကၿပီလို႔သိရပါတယ္။

ေဆာက္လုပ္ေရးပစၥည္းေတြတင္ေဆာင္တဲ့ အဝါေရာင္ကားေပၚမွာ သစ္၊ သံေခ်ာင္း၊ ဝါးလုံးေတြတင္ေဆာင္ၾကေၾကာင္းသိရတယ္။

မႏွစ္က စစ္ေကာင္စီတပ္က ထန္တလန္ၿမိဳ႕ကို မီးရိႈ႕ၿပီးေနာက္ သီးမစ္ေခ်ာင္းတံတားကို ေဒသကာကြယ္ေရးတပ္ဖြဲ႕က မိုင္းခြဲဖ်က္ဆီးတာေၾကာင့္ ထန္တလန္ၿမိဳ႕မွာစခန္းခ်တဲ့ စစ္ေကာင္စီတပ္ေတြလုိအပ္တဲ့ ရိကၡာနဲ႔ လက္နက္ခဲယမ္းေတြကို ေလေၾကာင္းကေနသာ ပို႔ေဆာင္ခဲ့ၾကပါတယ္။

အဲ့ဒီ စစ္ေကာင္စီယာဥ္တန္းဟာ ဇြန္လ ၂၉ ရက္ေန႔ မနက္ပိုင္းက ကေလးၿမိဳ႕ကေနတက္လာၾကတဲ့ကားျဖစ္ပါတယ္။

စစ္ေကာင္စီယာဥ္တန္းေတြဟာ ကေလး-ဖလမ္းလမ္းမေက်း႐ြာေတြမွာ ညအိပ္ၾကၿပီး ႐ြာထဲက မသန္စြမ္း ၂ ဦးကို အေၾကာင္းမဲ့ပစ္သတ္ၾကေၾကာင္းသတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်