သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ကိုးရာကျော် သေဆုံး

၂၊ မေ၊ ၂၀၂၄

Zalen

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၄,၉၀၀ ကျော်ကို သေဆုံးခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၉၂၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ကနေ ၂၀၂၄၊ ဧပြီ ၃၀ရက်နေ့အထိ AAPPရဲ့ ကောက်ယူထားတဲ့မှတ်တမ်းတွေကိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Zalen ad

သေဆုံးသူတွေထဲမှာတော့ ကလေးသူငယ်ဦးရေ အယောက် ၆၃၀ နဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၇၃၆ ယောက်နဲ့ ၃၅ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းက အယောက် ၂,၀၀၀ ကျော် ရာခိုင်နှုန်း ၄၀ ကျော် ပါဝင်နေကာ အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေး၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတွေက အစဉ်လိုက်အများဆုံး သေဆုံးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ ၂၆,၅၈၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၀,၃၇၅ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ အဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ နှစ်ဆယ် ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ သုံး ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ သိရပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်