သုံးနှစ်ကျော်အတွင်း မြန်မာသတင်းသမား ၇ ဦး သတ်ခံရပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ

၂၊ နိုဝင်ဘာ ၊ ၂၀၂၄

Zalen

အာဏာသိမ်း သုံးနှစ်‌ကျော်အတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သတင်းသမား ခုနှစ်ဦး သေဆုံးခဲ့ပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နို၀င်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာနဲ့ သတင်းလွတ်လပ်ခွင့်ကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေတာတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုပြီး ကူညီပေးကြဖို့ NUG က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ကို သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အရေးယူမခံရဘဲ ကင်းလွတ်နေတာအဆုံးသတ်ဖို့ နှိုးဆော်တဲ့ နိုင်ငံတကာနေ့ (International Day to End Impunity for Crimes Against Journalists) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

အသက်ကို ပဓာနမထားဘဲ သတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းသမားတွေကို NUG အနေနဲ့ ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့ ဆိုထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၃၀ ရက်နေ့အထိ သတင်းသမား ၆၄ ဦးထက်မနည်း ထိန်းသိမ်းခံထား ရဆဲဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ သတင်းသမားတွေကို ဖိနှိပ်ပြီး အမှန်တရားကို ဖုံးကွယ်တာ၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သတ်တာတွေကို လုပ်ဆောင်နေတယ်လို့ NUG က ဆိုပါတယ်။

မြန်မာပြည်မှာ အာဏာရှင်ခေတ်အဆက်ဆက် သတင်းမီဒီယာဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရပေမဲ့ သတင်းသမား တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ရေးသားနေကြတဲ့အတွက် ဂုဏ်ပြုတယ်လို့လည်း ဖော်ပြပါတယ်။

ဗြိတိန်အစိုးရကလည်း သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှအားရှုတ်ချပြီး မြန်မာသတင်းသမားတွေကို ဆက်လက်ကူညီပေးမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အမေရိကန်၊ နယူးယောက်မြို့ အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ညွှန်းကိန်းအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံတွေထဲက အဆင့် ၁၀ အဖြစ်သတ်မှတ်ခံရပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်