ဟားခါးကောလိပ်တွင် ဘုရားရှိခိုးကျောင်းကို ကိုယ်ထူကိုယ်ထတည်ဆောက်နေပြီး အလှူငွေများလိုအပ်နေ

ဟားခါးကောလိပ်အတွင်း ခရစ်ယာန်ကျောင်းသူ၊သားများဝတ်ပြုနိုင်ဖို့ ဘုရားရှိခိုးကျောင်းကို ကိုယ်ထူကိုယ်ထတည်ဆောက်နေတာကြောင့် အလှူငွေများလိုအပ်နေတယ်လို့ ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်ထံမှသတင်းရရှိပါတယ်။

လက်ရှိအချိန်မှာ မြေညို့လုပ်ငန်းများဆောင်ရွက်နေပြီး စုစုပေါင်း သိန်း ၁၅၀၀ ကုန်ကျမယ်လို့ခန့်မှန်းတဲ့ထဲမှာ ၁၄ သိန်းသာ အလှူငွေရရှိထားပါတယ်။

ဒေါက်တာလျန်ဇခုပ်က “ကျနော်လည်း မကြာခင်ပင်စင်ယူတော့မှာဆိုတော့ ပင်စင်မယူခင်အပြီးဆောက်ချင်တယ်။ ပြောရရင်တော့ ဒီနှစ်ပွင့်လင်းရာသီမှာအပြီးဆောက်ချင်တယ်။ အခု ဦးငွန်ဆန်းအောင်က ကုမ္ပဏီတစ်ခုဆီမှာ ကုန်ကျမယ့်စရိတ်တွေအရင်စိုက်ထုတ်ပေးဖို့ကမ်းလှမ်းထားပေမယ့် အကြောင်းမပြန်ကြသေးဘူး။ နောက်ပြီးမှပဲ အလှူငွေရရင် ရသလောက်ပြန်ဆပ်မယ်ပေါ့။ ဘုရားကျောင်းတည်ဆောက်ဖို့ အစိုးရဆီမှာဘတ်ဂျက်တောင်းထားခြင်းမရှိဘူး။ တောင်းခွင့်လည်းမရှိဘူး။ အရင်တစ်ခါ ဒေါက်တာထောင်မှုန်လာတုန်းက ၅ သိန်းပေးတယ်။ ဒေါက်တာဆာဆာလာတုန်းက ၇ သိန်းပေးတယ်။ ကျနော့်မိတ်ဆွေ ဒေါက်တာဒိမ်ခန့်ခွောလ်က တစ်သိန်းပေးတယ်။ ကျနော်က တစ်သိန်းပေးတယ်။ အဲ့လောက်ပါပဲ။ အခု မြေညို့လုပ်ငန်းလုပ်တဲ့ ဦးချွန်လိန်းကို ငွေ ၁၀ သိန်းပေးထားတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ်မှာ ဂျပ်စင်ဘုရားကျောင်းရှိပြီး ဟားခါးကောလိပ် ဘုရားကျောင်းဟာ ကော်လိပ်ဝန်းထဲက ဒုတိယမြောက် ဘုရားကျောင်းဖြစ်လာပါမယ်။

လက်ရှိ ဟားခါးကောလိပ်တွင် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ဓာတု၊ ရူပ၊ င်္သချာ၊ Zoology၊ Botany ဘာသာရပ်တွေသင်ကြားပေးနေပါတယ်။ ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသူ၊သား (၇၃၅)ဦး ဆရာ၊မနဲ့ ဝန်ထမ်း (၁၀၀)ကျော်ရှိပါတယ်။

ဟားခါးကောလိပ် ဘုရားရှိခိုးကျောင်းအတွက် လှူဒါန်းလိုပါက ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်ရဲ့ ဖုန်း 09768154927၊ 09444035963၊ 070-21556 နဲ့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ https://www.facebook.com/lian.khup.71 သို့ဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်