ဟားခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၁၄နှစ် ကလေးတစ်ယောက်သေဆုံး၊ ၂ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ နိုဝင်ဘာ ၁၅ရက်၊ ညပိုင်း ၁၀နာရီခွဲခန့်က စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ Salai Shalom Van (၁၄နှစ်) သေဆုံးပြီး မိုးဟိန်း‌သောက်‌ရေသန့်ကုမ္ပဏီဝန်ထမ်း ၂ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

“ဖြစ်တဲ့နေရာက ချင်းခရစ်ယာန်ဓမ္မတက္ကသိုလ်ကျောင်း နဲ့ သိပ်မဝေးဘူး။ အဲနေရာမှာ မိုးဟိန်းရေသန့်စက်ရုံရှိတယ်။ သူတို့ ၃ယောက်စလုံး ညစောင့် အိပ်ကြတယ်။ ၁၄နှစ်အရွယ် ယောင်္ကျားလေးက နေရာမှာ ပွဲချင်းသေသွားတယ်။ နှစ်ယောက်လည်း ဒဏ်ရာရကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားသော ၁၄နှစ်အရွယ်ကလေးသည် မိုးဟိန်းသောက်ရေသန့်ကုမ္ပဏီ မန်နေဂျာရဲ့ သားဖြစ်တယ်လို့သိရှိရပြီး ဒဏ်ရာရရှိသော ဝန်ထမ်းနှစ်ဦးကို ဟားခါးဆေးရုံးသို့ ဆေးကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

ဟားခါးမြို့ စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုလအတွင်းမှာပင် ပြည်သူ ၃ဦး ဒဏ်ရာရရှိကြပြီး အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်သေဆုံးခြင်းဖြစ်သည်။

Zalen ad

နိုဝင်ဘာ ၇ရက်နေ့၊ ညပိုင်းကလည်း ဟားခါးထာရ်ရပ်ကွက်ရှိ ၆လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျသော စစ်ကောင်စီတပ်သားများက ရပ်ကွက်အတွင်း လူနေအိမ်များအား ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၆၀ကျော် အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့သည်။

ဟားခါးမြို့တွင်း ယနေ့နိုဝင်ဘာ ၁၆ ရက်မနက် ၁ နာရီလောက်က စစ်ဆင်ရေးမှာ ချင်းအမျိုးသား တပ်မတော် ( CNA )မှ တပ်ကြပ်ဆလိုင်းလာလ်ရိုတလွန် (Salai Lal Ro Tluang-၂၄နှစ်) ရင်ဘတ်တွင် ကျည်ထိပြီးကျ ဆုံးသွားသည်။

ယနေ့နိုဝင်ဘာ ၁၆ ရက် မနက် ၉နာရီတွင် ဟားခါးမြို့တပ်ကုန်းသို့ ရဟတ်ယာဉ်တစ်စီး ဆင်းသက်လာတယ်လို့သိရသည်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ ဗားရ်တံတားအနီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့်နေအိမ်အချို့ပျက်စီး

မတ် ၁၄ ၊ ၂၀၂၆ Zalen ၂၀၂၃ခုနှစ် ဧပြီလဆန်းထဲက ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ ကျေးရွာစခန်းကို ယမန်နေ့ မတ်လ ၁၃ရက် နံနက်ပိုင်း ၁၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ...

ဆက်ဖတ်ရန်